မန္ယူေခၚလုိတဲ့ ေနာက္ခံလူမက္ဂြာရီ ကို လက္စတာ အသင္း သက္တမ္းရွည္ စာခ်ဳပ္တုိးျမင့္

0
226

မန္ယူအသင္းကေခၚယူဖုိ႔ စိတ္၀င္စားခံခဲ့ရတဲ့ လက္စတာ ေနာက္ခံလူ မက္ဂြာရီကို လက္စတာအသင္းက ၅ ႏွစ္သက္တမ္းတုိးစာခ်ဳပ္ တုိးျမင့္ခ်ဳပ္ဆုိလိုက္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဆုိပါ ေနာက္ခံလူဟာ ႐ုရွား ကမာၻဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္း အႀကိဳဗိုလ္လုပြဲတက္ေရာက္ေစဖို႔ အဓိက စြမ္းေဆာင္ခဲ့သူေတြထဲကတစ္ဦးျဖစ္ၿပီး မန္ယူအသင္းကေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ဖူးသူျဖစ္ပါတယ္။

လက္စတာအသင္းဟာ မန္ယူအသင္းကေခၚယူဖုိ႔ ႀကိဳးပမ္းမႈကို ဟန္႔တားႏုိင္ဖုိ႔ မက္ဂြာရီကို သက္တမ္းရွည္ စာခ်ဳပ္တုိးျမင့္ခဲ့တာျဖစ္ပါတယ္။ မက္ဂြာရီဟာ ၂၀၁၇ ခုႏွစ္က ဟားလ္စီးတီးမွ လက္စတာ အသင္းကို ေျပာင္းလာခဲ့သူျဖစ္ၿပီး ေျခစြမ္းျပ ကစားႏုိင္ခဲ့လို႔ ပရီးမီယားလိဂ္ အသင္းေတြက မ်က္စိက်ခံရသူျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူခေါ်လိုတဲ့ နောက်ခံလူမက်ဂွာရီ ကို လက်စတာ အသင်း သက်တမ်းရှည် စာချုပ်တိုးမြင့်

မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားခံခဲ့ရတဲ့ လက်စတာ နောက်ခံလူ မက်ဂွာရီကို လက်စတာအသင်းက ၅ နှစ်သက်တမ်းတိုးစာချုပ် တိုးမြင့်ချုပ်ဆိုလိုက်ကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

အဆိုပါ နောက်ခံလူဟာ ရုရှား ကမ္ဘာဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း အကြိုဗိုလ်လုပွဲတက်ရောက်စေဖို့ အဓိက စွမ်းဆောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်ပြီး မန်ယူအသင်းကခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။

လက်စတာအသင်းဟာ မန်ယူအသင်းကခေါ်ယူဖို့ ကြိုးပမ်းမှုကို ဟန့်တားနိုင်ဖို့ မက်ဂွာရီကို သက်တမ်းရှည် စာချုပ်တိုးမြင့်ခဲ့တာဖြစ်ပါတယ်။ မက်ဂွာရီဟာ ၂၀၁၇ ခုနှစ်က ဟားလ်စီးတီးမှ လက်စတာ အသင်းကို ပြောင်းလာခဲ့သူဖြစ်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့လို့ ပရီးမီယားလိဂ် အသင်းတွေက မျက်စိကျခံရသူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)