တာေဝးပစ္ဒံုးက်ည္ မပါတဲ့ စစ္ေရးျပအခမ္းနား ေျမာက္ကိုရီးယား က်င္းပ

0
196

ေျမာက္ကိုရီးယား ႏုိင္ငံဟာ စက္တင္ဘာ ၉ ရက္ေန႔က ႏုိင္ငံတည္ေထာင္မႈ ႏွစ္ ၇၀ ျပည့္ စစ္ေရးျပအခမ္းအနား က်င္းပခဲ့ရာ အဲဒီ စစ္ေရးျပ အခမ္အနားမွာ တာေဝးပစ္ဒံုးက်ည္ေတြကို ထုတ္ေဖာ္ျပသတာမ်ိဳး မရွိခဲ့ပါဘူး။

ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ အခုႏွစ္က်င္းပတဲ့ စစ္ေရးျပ အခမ္းအနားဟာ စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္ေရး၊ ၿငိမ္းခ်မ္းေရးကို ရည္ရြယ္တဲ့ပံုစံ ရွိေနတယ္လို႔ ေလ့လာသံုးသပ္သူေတြက ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံဟာ ၿပီးခဲ့တဲ့ ဇြန္လတုန္းက စင္ကာပူႏုိင္ငံမွာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ အက်ိဳးရလဒ္ေတြကို ဆက္လက္ ကိုင္စြဲထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္ဟာ အေမရိကန္ သမၼတ ထရမ့္နဲ႔ ေတြ႔ဆံုခ်ိန္အတြင္း ကိုရီးယား ကၽြန္းဆြယ္မွာ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းဖုိ႔ ကတိျပဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာဝေးပစ်ဒုံးကျည် မပါတဲ့ စစ်ရေးပြအခမ်းနား မြောက်ကိုရီးယား ကျင်းပ

မြောက်ကိုရီးယား နိုင်ငံဟာ စက်တင်ဘာ ၉ ရက်နေ့က နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ရာ အဲဒီ စစ်ရေးပြ အခမ်အနားမှာ တာဝေးပစ်ဒုံးကျည်တွေကို ထုတ်ဖော်ပြသတာမျိုး မရှိခဲ့ပါဘူး။

မြောက်ကိုရီးယား နိုင်ငံရဲ့ အခုနှစ်ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ပုံစံ ရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက စင်ကာပူနိုင်ငံမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကျိုးရလဒ်တွေကို ဆက်လက် ကိုင်စွဲထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံချိန်အတွင်း ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ ကတိပြုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)