ဂ်ပန္မွာ ငလ်င္ေၾကာင့္ ေသဆံုးသူ ၃၇ ဦး အထိ ရွိလာ

1
253

ဂ်ပန္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ေသဆံုးသူဦးေရ ျမင့္တက္လာခဲ့ၿပီး ၃၇ ဦးအထိ ရွိလာခဲ့ေၾကာင္း ဂ်ပန္ မီးသတ္နဲ႔ ေဘးအႏၱရာယ္ စီမံခန္႔ခြဲေရးေအဂ်င္စီက ေျပာပါတယ္။

ေဟာ့ကိုင္းဒိုးကၽြန္းမွာ လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ၂ ဦး ေပ်ာက္ဆံုးေနဆဲျဖစ္ၿပီး ၄၀၁ ဦး ဒဏ္ရာရခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံမွာ ေရႀကီးမႈေတြ၊ တုိင္ဖြန္းမုန္တုိင္း တိုက္ခတ္မႈ၊ ေျမၿပိမႈနဲ႔ အပူလႈိင္းျဖတ္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ လပို္င္းအတြင္း လူေသဆံုးမႈ မ်ားခဲ့ပါတယ္။

ေဟာ့ကိုင္းဒိုးကၽြန္းမွာ လႈပ္ခတ္ခဲ့တဲ့ငလ်င္ဟာ ျပင္းအား ၆ ဒသမ ၇ မဂၢနီက်ဴ အဆင့္ရွိၿပီး ကယ္ဆယ္ေရး စင္တာေတြမွာ လူေပါင္း ၅၇၈၈ ဦး ကယ္တင္ထားရပါတယ္။ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြလည္း ထပ္မံလႈပ္ခတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦး အထိ ရှိလာ

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ပြီး ၃၇ ဦးအထိ ရှိလာခဲ့ကြောင်း ဂျပန် မီးသတ်နဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။

ဟော့ကိုင်းဒိုးကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၄၀၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ရေကြီးမှုတွေ၊ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှု၊ မြေပြိမှုနဲ့ အပူလှိုင်းဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ လပိ်ုင်းအတွင်း လူသေဆုံးမှု များခဲ့ပါတယ်။

ဟော့ကိုင်းဒိုးကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ပြင်းအား ၆ ဒသမ ၇ မဂ္ဂနီကျူ အဆင့်ရှိပြီး ကယ်ဆယ်ရေး စင်တာတွေမှာ လူပေါင်း ၅၇၈၈ ဦး ကယ်တင်ထားရပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.