ဘေရွတ် ပေါက်ကွဲမှု သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်လာ၊ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေ

0
168

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ အပျက်အစီးများတဲ့ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုဟာ ၂၀၀ ကျော်သွားပြီလို့ ယုံကြည်ရကြောင်း ဘေရွတ် မြို့တော်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့က ဘေရွတ် ဆိပ်ကမ်းမှာ အမိုနီယံ နိုက်ထရိတ် သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူ ဒါဇင်တွေနဲ့ချီ ရှိနေပြီး အများစုဟာ နိုင်ငံခြားသား လုပ်သားတွေဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူး မာဝန် အက်ဘူက ပြောပါတယ်။

အဓိက ပေါက်ကွဲမှုဖြစ်တဲ့ ဗဟိုချက်နေရာဖြစ်တဲ့ ဆိပ်ကမ်းမှာ ရှာဖွေကယ်ဆယ်ရေးတွေကို လက်ဘနွန်စစ်တပ်က ရပ်ဆိုင်းထားပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အစိုးရ တုံ့ပြန်ပုံတွေကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်တာ သြဂုတ်လ ၉ ရက်နေ့က ဒုတိယမြောက်ည ရှိလာပါပြီ။ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ နုတ်ထွက်မှုကလည်း လူထုရဲ့ ဒေါသကို မပြေပျောက်စေပါဘူး။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် သောင်းနဲ့ချီတဲ့လူတွေဟာ အလွန်အမင်းပျက်စီးကာ၊ ပြတင်းပေါက်မရှိ၊ တံခါးမရှိတဲ့ အိမ်တွေမှာ နေထိုင်နေရပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အမြန်ဆုံးမပေးရင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်လိ့မ်မယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက သတိပေးထားပါတယ်။

မနေ့က ပှငသြဈသမျမတ အီမနနြွူယြ မကခြရှနြ ဦးဆောငတြဲ့ ဆှေးနှေးပှဲမှာ လကဘြနှနကြို အကူအညီပေးရေး အမရေိကနြ ဒေါလြာ ၂၉၇ သနြးပေးဖို့ နိုငငြံတကာ အလှူရှငတြှကေ ကတိပှုထားပှီး အခုရနပြုံငှဟော လကဘြနှနြ ပှညသြူတှဆေီ တိုကရြိုကရြောကရြှိမှာပါ။

___________________

___________________

ဘရှေတျ ပေါကျကှဲမှု သဆေုံးသူ ၂၀၀ ကြောျအထိ မွငျ့လာ၊ ဆန်ဒပွမှုတှေ ဆကျဖွဈနေ

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ အပျက်အစီးများတဲ့ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုဟာ ၂၀၀ ကျော်သွားပြီလို့ ယုံကြည်ရကြောင်း ဘေရွတ် မြို့တော်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့က ဘေရွတ် ဆိပ်ကမ်းမှာ အမိုနီယံ နိုက်ထရိတ် သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူ ဒါဇင်တွေနဲ့ချီ ရှိနေပြီး အများစုဟာ နိုင်ငံခြားသား လုပ်သားတွေဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူး မာဝန် အက်ဘူက ပြောပါတယ်။

အဓိက ပေါက်ကွဲမှုဖြစ်တဲ့ ဗဟိုချက်နေရာဖြစ်တဲ့ ဆိပ်ကမ်းမှာ ရှာဖွေကယ်ဆယ်ရေးတွေကို လက်ဘနွန်စစ်တပ်က ရပ်ဆိုင်းထားပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အစိုးရ တုံ့ပြန်ပုံတွေကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်တာ သြဂုတ်လ ၉ ရက်နေ့က ဒုတိယမြောက်ည ရှိလာပါပြီ။ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ နုတ်ထွက်မှုကလည်း လူထုရဲ့ ဒေါသကို မပြေပျောက်စေပါဘူး။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် သောင်းနဲ့ချီတဲ့လူတွေဟာ အလွန်အမင်းပျက်စီးကာ၊ ပြတင်းပေါက်မရှိ၊ တံခါးမရှိတဲ့ အိမ်တွေမှာ နေထိုင်နေရပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အမြန်ဆုံးမပေးရင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်လိ့မ်မယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက သတိပေးထားပါတယ်။

မနေ့က ပြင်သစ်သမ္မတ အီမန်နျူယ် မက်ခရွန် ဦးဆောင်တဲ့ ဆွေးနွေးပွဲမှာ လက်ဘနွန်ကို အကူအညီပေးရေး အမေရိကန် ဒေါ်လာ ၂၉၇ သန်းပေးဖို့ နိုင်ငံတကာ အလှူရှင်တွေက ကတိပြုထားပြီး အခုရန်ပုံငွေဟာ လက်ဘနွန် ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိမှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)