ဟောင်ကောင် မီဒီယာသူဌေးကြီးကို လုံခြုံရေးဥပဒေသစ်နဲ့ ဖမ်းဆီး

0
830

ပြီးခဲ့တဲ့ ဇွန်လမှာ ဘေဂျင်းအစိုးရက ချမှတ်ပေးတဲ့ လုံခြုံရေးဥပဒေသစ်နဲ့ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီ လိုင်ရဲ့ ရုံးချုပ်ကို ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စီးနင်းပြီး သူဌေးကြီးကိုလည်း ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုဆိုပြီး ဂျင်မီ လိုင်ကို ဖမ်းဆီးတာလို့ မစ္စတာ လိုင်ရဲ့ မီဒီယာ ဂရု (ပ်) အမှုဆောင်တစ်ဦးဖြစ်သူ မာ့ခ် ဆိုင်မွန်က Twitter လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

မစ္စတာ လိုင်ဟာ ဒီမိုကရေစီကို ထောက်ခံတဲ့ ထင်ရှားသူဖြစ်ပြီး ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြသူတွေကိုလည်း ထောက်ခံသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အသက် ၇၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ခံယူထားတဲ့ မစ္စတာ လိုင်ကို တရားမဝင် လူစုဝေးမှု၊ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးခဲ့ဖူးပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

တရုတ်အစိုးရအားဘော်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာကတော့ မစ္စတာ လိုင်ဟာ အဓိကရုဏ်းလုပ်သူတွေကို ထောက်ခံသူ၊ သူ့မီဒီယာ ထုတ်ဝေမှုတွေဟာ အမုန်းစကား ဖြန့်တာ၊ ကောလာဟလ ဖြန့်တာ၊ ဟောင်ကောင် အာဏာပိုင်တွေနဲ့ တရုတ်ပြည်မကြီးကို သွားပုပ်လေလွင့် စွပ်စွဲတာတွေ နှစ်များစွာ လုပ်ခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

မဈစတာ လိုငရြဲ့ သားနှဈဦး၊ Next Digital က အကှီးတနြး အမှုဆောငြ နှဈဦးကိုလညြး ဖမြးဆီးခဲ့တယလြို့ ဂလိုဘယြ တိုငြးမြ သတငြးစာမှာ ဆကလြကြ ဖောပြှထားပါတယြ။ အသကြ ၁၉ နှဈကနေ ၇၂ အရှယကြှားရှိ အမွိုးသား ခုနဈဦးကို ပှညပြအငအြားစုတှနေဲ့ ပူးပေါငြးကှံစညမြှု သံသယနဲ့ ဖမြးဆီးခဲ့တာ မှနတြယလြို့ ဟောငကြောငရြဲကလညြး အတညပြှုထားပါတယြ။

________________

________________

ဟောငျကောငျ မီဒီယာသူဌေးကွီးကို လုံခွုံရေးဥပဒသေဈနဲ့ ဖမျးဆီး

ပြီးခဲ့တဲ့ ဇွန်လမှာ ဘေဂျင်းအစိုးရက ချမှတ်ပေးတဲ့ လုံခြုံရေးဥပဒေသစ်နဲ့ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီ လိုင်ရဲ့ ရုံးချုပ်ကို ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စီးနင်းပြီး သူဌေးကြီးကိုလည်း ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုဆိုပြီး ဂျင်မီ လိုင်ကို ဖမ်းဆီးတာလို့ မစ္စတာ လိုင်ရဲ့ မီဒီယာ ဂရု (ပ်) အမှုဆောင်တစ်ဦးဖြစ်သူ မာ့ခ် ဆိုင်မွန်က Twitter လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

မစ္စတာ လိုင်ဟာ ဒီမိုကရေစီကို ထောက်ခံတဲ့ ထင်ရှားသူဖြစ်ပြီး ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြသူတွေကိုလည်း ထောက်ခံသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အသက် ၇၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ခံယူထားတဲ့ မစ္စတာ လိုင်ကို တရားမဝင် လူစုဝေးမှု၊ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးခဲ့ဖူးပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

တရုတ်အစိုးရအားဘော်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာကတော့ မစ္စတာ လိုင်ဟာ အဓိကရုဏ်းလုပ်သူတွေကို ထောက်ခံသူ၊ သူ့မီဒီယာ ထုတ်ဝေမှုတွေဟာ အမုန်းစကား ဖြန့်တာ၊ ကောလာဟလ ဖြန့်တာ၊ ဟောင်ကောင် အာဏာပိုင်တွေနဲ့ တရုတ်ပြည်မကြီးကို သွားပုပ်လေလွင့် စွပ်စွဲတာတွေ နှစ်များစွာ လုပ်ခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

မစ္စတာ လိုင်ရဲ့ သားနှစ်ဦး၊ Next Digital က အကြီးတန်း အမှုဆောင် နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဂလိုဘယ် တိုင်းမ် သတင်းစာမှာ ဆက်လက် ဖော်ပြထားပါတယ်။ အသက် ၁၉ နှစ်ကနေ ၇၂ အရွယ်ကြားရှိ အမျိုးသား ခုနစ်ဦးကို ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှု သံသယနဲ့ ဖမ်းဆီးခဲ့တာ မှန်တယ်လို့ ဟောင်ကောင်ရဲကလည်း အတည်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)