အမေရိကန် အဘိဓာန် Merriam-Webster က ‘racism’ စကားလုံး အဓိပ္ပာယ် ဖွင့်ဆိုချက် ပြောင်းမယ်

0
168

လူမည်း အမျိုးသမီးတစ်ဦးက တောင်းဆိုတဲ့ အီးမေးလ် လက်ခံရရှိပြီးနောက် ‘racism’ ဆိုတဲ့ အဘိဓာန် တည်ပုဒ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အမေရိကန် အဘိဓာန် တစ်စောင်ဖြစ်တဲ့ Merriam-Webster က ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

မကြာသေးခင်က အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဒရိတ်ခ် တက္ကသိုလ်ကနေ ဘွဲ့ရလာသူ ကနေဒီ မစ်ချွန်က အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ စနစ်တကျ ဖိနှိပ်မှုလို့ ရည်ညွှန်းတဲ့ ဖွင့်ဆိုမှုပါ ထည့်သွင်းဖို့ အကြံပြုခဲ့တာပါ။

အဘိဓာန် အယ်ဒီတာက နောက်ပိုင်းမှာ ဖွင့်ဆိုချက်ကို update လုပ်ဖို့ သဘောတူလိုက်တာပါ။ မစ္စ မစ်ချွန်ဟာ အမေရိကန် အဘိဓာန်ရဲ့ ‘racism’ စကားလုံး ဖွင့်ဆိုချက်အပေါ် ဝေဖန်ထောက်ပြသူတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အဲဒီနောက် မစ္စ မစ်ချွန်ဟာ ဒီစကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က လူ့အဖွဲ့အစည်းမှာ လူမျိုးရေး မညီမျှမှုကိစ္စထက် ပိုပြီးကျယ်ပြန့်သင့်တယ်လို့ ယူဆခဲ့တာ ဖြစ်ပါတယ်။

မင်နီယာပိုလစ်မှာ အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ဟာ ရဲကြောင့် သေဆုံးမှုဖြစ်တဲ့ ဂယက်ကနေ အခုလို အဓိပ္ပာယ် ပြောင်းလဲဖွင့်ဆိုဖို့အထိတွေ ဖြစ်နေတာပါ။

အမရေိကနြ အဘိဓာနဖြှဈတဲ့ Merriam-Webster ဟာ ၁၈၄၇ ခုနှဈကတညြးက စတငထြုတဝြလောခဲ့တာဖှဈပှီး စကားလုံးတှကေို အမှဲတမြး ခတြနေဲ့လွောညြီ၊ ခတြမေီအောငြ ထည့သြှငြး ထုတဝြနခေေဲ့တာ ဖှဈပါတယြ။

_________________

_________________

အမရေိကနျ အဘိဓာနျ Merriam-Webster က ‘racism’ စကားလုံး အဓိပ်ပာယျ ဖှငျ့ဆိုခကြျ ပွောငျးမယျ

လူမည်း အမျိုးသမီးတစ်ဦးက တောင်းဆိုတဲ့ အီးမေးလ် လက်ခံရရှိပြီးနောက် ‘racism’ ဆိုတဲ့ အဘိဓာန် တည်ပုဒ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အမေရိကန် အဘိဓာန် တစ်စောင်ဖြစ်တဲ့ Merriam-Webster က ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

မကြာသေးခင်က အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဒရိတ်ခ် တက္ကသိုလ်ကနေ ဘွဲ့ရလာသူ ကနေဒီ မစ်ချွန်က အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ စနစ်တကျ ဖိနှိပ်မှုလို့ ရည်ညွှန်းတဲ့ ဖွင့်ဆိုမှုပါ ထည့်သွင်းဖို့ အကြံပြုခဲ့တာပါ။ 

အဘိဓာန် အယ်ဒီတာက နောက်ပိုင်းမှာ ဖွင့်ဆိုချက်ကို update လုပ်ဖို့ သဘောတူလိုက်တာပါ။ မစ္စ မစ်ချွန်ဟာ အမေရိကန် အဘိဓာန်ရဲ့ ‘racism’ စကားလုံး ဖွင့်ဆိုချက်အပေါ် ဝေဖန်ထောက်ပြသူတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ မစ္စ မစ်ချွန်ဟာ ဒီစကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က လူ့အဖွဲ့အစည်းမှာ လူမျိုးရေး မညီမျှမှုကိစ္စထက် ပိုပြီးကျယ်ပြန့်သင့်တယ်လို့ ယူဆခဲ့တာ ဖြစ်ပါတယ်။ 

မင်နီယာပိုလစ်မှာ အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ဟာ ရဲကြောင့် သေဆုံးမှုဖြစ်တဲ့ ဂယက်ကနေ အခုလို အဓိပ္ပာယ် ပြောင်းလဲဖွင့်ဆိုဖို့အထိတွေ ဖြစ်နေတာပါ။ 

အမေရိကန် အဘိဓာန်ဖြစ်တဲ့ Merriam-Webster ဟာ ၁၈၄၇ ခုနှစ်ကတည်းက စတင်ထုတ်ဝေလာခဲ့တာဖြစ်ပြီး စကားလုံးတွေကို အမြဲတမ်း ခေတ်နဲ့လျော်ညီ၊ ခေတ်မီအောင် ထည့်သွင်း ထုတ်ဝေနေခဲ့တာ ဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)