လူမျိုးရေး ကန့်ကွက်မှုတွေကြောင့် “Gone with the Wind” ရုပ်ရှင်ကို HBO ဖယ်ရှား

0
437

အမေရိကန်မှာ ရဲတွေက လူမည်းတွေအပေါ် အနိုင်ကျင့်မှုကြောင့် ဆန္ဒပြ ကန့်ကွက်မှုကနေ ကူးစက်လာပြီး လူမျိုးရေးဆိုင်ရာ ကန့်ကွက်မှုတွေကြောင့် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား “Gone with the Wind” ကို HBO Max ပလက်ဖောင်းကနေ ဇွန်လ ၉ ရက်နေ့က ဖယ်ရှားလိုက်ပါတယ်။

အော်စကာဆုများစွာ ရရှိခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်နောက်ခံ ဇာတ်ကားကို ၁၉၃၉ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် အားပေးမှု များစွာ ရရှိခဲ့ပေမယ့် ဇာတ်ကားသဘောအရ ကျွန်ပြုမှုနဲ့ တော်လှန်တဲ့အကြောင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

“Gone with the Wind” ဟာ သူ့ခေတ်ကာလက ကားကောင်းတစ်ကား ဖြစ်ကြောင်း၊ အမေရိကန် လူ့အဖွဲ့အစည်းမှာ ကြုံခဲ့ကြရတဲ့ လူနည်းစုရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ပုံဖော်ခဲ့ကြောင်း HBO Max ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ကို ချုပ်နှောင်ဖမ်းဆီးစဉ်း လည်ပင်းကို ဒူးနဲ့ မိနစ် အတန်ကြာဖိခဲ့လို့ လက်လွန် သေဆုံးခဲ့ပါတယ်။ အဲဒီ နောက်ဆက်တွဲအဖြစ် အမေရိကန် ပြည်ထောင်စုသာမက ကျန်နိုင်ငံတွေကိုပါ ပြန့်နှံ့သွားခဲ့ပြီး သမိုင်းမှာ လူမျိုးရေး ခွဲခြားမှုနဲ့ ဆက်စပ်ခဲ့တဲ့ ရုပ်တုကို ဖြိုချတာ၊ ဂန္ထဝင် ပန်းချီကားကို ဖယ်ရှားခိုင်းတာတွေ ရှိခဲ့ပြီး အခု ဂန္ထဝင် ရုပ်ရှင်ကား ဖြစ်တဲ့ “Gone with the Wind” ကို ဖယ်ရှားဖို့ တောင်းဆိုမှုတွေအထိ ဖြစ်လာတာပါ။

“Gone with the Wind” ကို စာရေးဆရာကှီး မှသနြးတင့ကြ “လရေူးသုနသြုနြ” အမညနြဲ့ မှနမြာဘာသာ ပှနဆြိုခဲ့ပှီး မှနမြာစာဖတြ ပရိသတလြညြး အကှိုကတြှေ့ခဲ့ကှပါတယြ။

__________________

__________________

လူမြိုးရေး ကနျ့ကှကျမှုတှကွေောငျ့ “Gone with the Wind” ရုပျရှငျကို HBO ဖယျရှား

အမေရိကန်မှာ ရဲတွေက လူမည်းတွေအပေါ် အနိုင်ကျင့်မှုကြောင့် ဆန္ဒပြ ကန့်ကွက်မှုကနေ ကူးစက်လာပြီး လူမျိုးရေးဆိုင်ရာ ကန့်ကွက်မှုတွေကြောင့် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား “Gone with the Wind” ကို HBO Max ပလက်ဖောင်းကနေ ဇွန်လ ၉ ရက်နေ့က ဖယ်ရှားလိုက်ပါတယ်။

အော်စကာဆုများစွာ ရရှိခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်နောက်ခံ ဇာတ်ကားကို ၁၉၃၉ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် အားပေးမှု များစွာ ရရှိခဲ့ပေမယ့် ဇာတ်ကားသဘောအရ ကျွန်ပြုမှုနဲ့ တော်လှန်တဲ့အကြောင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

“Gone with the Wind” ဟာ သူ့ခေတ်ကာလက ကားကောင်းတစ်ကား ဖြစ်ကြောင်း၊ အမေရိကန် လူ့အဖွဲ့အစည်းမှာ ကြုံခဲ့ကြရတဲ့ လူနည်းစုရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ပုံဖော်ခဲ့ကြောင်း HBO Max ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ကို ချုပ်နှောင်ဖမ်းဆီးစဉ်း လည်ပင်းကို ဒူးနဲ့ မိနစ် အတန်ကြာဖိခဲ့လို့ လက်လွန် သေဆုံးခဲ့ပါတယ်။ အဲဒီ နောက်ဆက်တွဲအဖြစ် အမေရိကန် ပြည်ထောင်စုသာမက ကျန်နိုင်ငံတွေကိုပါ ပြန့်နှံ့သွားခဲ့ပြီး သမိုင်းမှာ လူမျိုးရေး ခွဲခြားမှုနဲ့ ဆက်စပ်ခဲ့တဲ့ ရုပ်တုကို ဖြိုချတာ၊ ဂန္ထဝင် ပန်းချီကားကို ဖယ်ရှားခိုင်းတာတွေ ရှိခဲ့ပြီး အခု ဂန္ထဝင် ရုပ်ရှင်ကား ဖြစ်တဲ့ “Gone with the Wind” ကို ဖယ်ရှားဖို့ တောင်းဆိုမှုတွေအထိ ဖြစ်လာတာပါ။

“Gone with the Wind” ကို စာရေးဆရာကြီး မြသန်းတင့်က “လေရူးသုန်သုန်” အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုခဲ့ပြီး မြန်မာစာဖတ် ပရိသတ်လည်း အကြိုက်တွေ့ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)