ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒပြသူ ၅၃ ဦးကို ဟောင်ကောင်ရဲ ဖမ်းဆီး

0
179

ဟောင်ကောင်မှာ ဇွန်လ ၉ ရက်နေ့က ရာနဲ့ချီတဲ့ ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ် ထွက်လာပြီး အဓိက လမ်းကြီးတွေကိုလည်း ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်ရဲတွေက ငရုတ်ရည်ပါ လက်နက် (pepper spray) တွေနဲ့ ပစ်ဖြန်း လူစုခွဲကာ ဆန္ဒပြသူ ၅၃ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အခု ဆန္ဒပြပွဲဟာ ဟောင်ကောင် ဆန္ဒပြပွဲတွေ တစ်နှစ်ပြည့် ပြုလုပ်တာဖြစ်ပြီး တရုတ်နိုင်ငံက ဟောင်ကောင် အပေါ် ပြဋ္ဌာန်းမယ့် အမျိုးသားလုံခြုံရေး ဥပဒေကို ဆန့်ကျင်လို့ တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။

တရားမဝင် စုဝေးမှု၊ ခွင့်ပြုချက် မရှိတဲ့ စုဝေးမှုမှာ ပါဝင်မှုတွေနဲ့ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲက ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေးအတွက် လူရှစ်ဦးထက် ပိုပြီး မစုရဆိုပြီး ဟောင်ကောင် အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

ဟောငကြောငရြဲ့ လှတလြပမြှုကို ခွုပခြယွမြယ့ြ အမွိုးသားလုံခှုံရေး ဥပဒေ ပှဌာနြးမှာကို စိုးရိမတြဲ့အတှကြ လာမယ့နြေ့တှမှော ဆနျဒပှမှုတှကေို ထပပြှီး လုပဆြောငဖြို့လညြး စီစဉနြကှပေါတယြ။

___________________

___________________

ဒီမိုကရစေီ ထောကျခံတဲ့ ဆန်ဒပွသူ ၅၃ ဦးကို ဟောငျကောငျရဲ ဖမျးဆီး

ဟောင်ကောင်မှာ ဇွန်လ ၉ ရက်နေ့က ရာနဲ့ချီတဲ့ ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ် ထွက်လာပြီး အဓိက လမ်းကြီးတွေကိုလည်း ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်ရဲတွေက ငရုတ်ရည်ပါ လက်နက် (pepper spray) တွေနဲ့ ပစ်ဖြန်း လူစုခွဲကာ ဆန္ဒပြသူ ၅၃ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အခု ဆန္ဒပြပွဲဟာ ဟောင်ကောင် ဆန္ဒပြပွဲတွေ တစ်နှစ်ပြည့် ပြုလုပ်တာဖြစ်ပြီး တရုတ်နိုင်ငံက ဟောင်ကောင် အပေါ် ပြဋ္ဌာန်းမယ့် အမျိုးသားလုံခြုံရေး ဥပဒေကို ဆန့်ကျင်လို့ တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။

တရားမဝင် စုဝေးမှု၊ ခွင့်ပြုချက် မရှိတဲ့ စုဝေးမှုမှာ ပါဝင်မှုတွေနဲ့ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲက ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေးအတွက် လူရှစ်ဦးထက် ပိုပြီး မစုရဆိုပြီး ဟောင်ကောင် အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

ဟောင်ကောင်ရဲ့ လွတ်လပ်မှုကို ချုပ်ချယ်မယ့် အမျိုးသားလုံခြုံရေး ဥပဒေ ပြဌာန်းမှာကို စိုးရိမ်တဲ့အတွက် လာမယ့်နေ့တွေမှာ ဆန္ဒပြမှုတွေကို ထပ်ပြီး လုပ်ဆောင်ဖို့လည်း စီစဉ်နေကြပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)