အလိုရှိနေတာ ၁၃ နှစ်ကြာပြီဖြစ်တဲ့ ဆူဒန် စစ်ရာဇဝတ် သံသယရှိသူကို ဖမ်းမိ

0
263

ဆူဒန်နိုင်ငံ၊ ဒါဖော်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုပေါင်း ၅၀ နဲ့ အလိုရှိနေတာ ၁၃ နှစ်ကျော် ကြာပြီဖြစ်တဲ့ ဆူဒန် စစ်သွေးကြွ ခေါင်းဆောင်ကို ဖမ်းမိပြီလို့ ဇွန်လ ၉ ရက်နေ့မှာ ဆူဒန် အာဏာပိုင်တွေက ပြောပါတယ်။

စစ်သွေးကြွခေါင်းဆောင် အလီ ကူရှာယက်ဘ် (၆၃ နှစ်) ဟာ ဆူဒန်နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံ နယ်စပ်အနီး ဝေးလံတဲ့ တစ်နေရာမှာ လက်နက်ချ အညံ့ခံခဲ့တာလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ရဲ့ ပြောခွင့်ရသူ ဖာဒီ အယ်လ် အဗ္ဗဒယ်လာက ပြောပါတယ်။

ဒါပေမယ့် ICC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကူရှာယက်ဘ်ကို ဘယ်နေ့က ဖမ်းမိတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာတွေ ဖော်ပြခြင်း မရှိပါဘူး။

အာရပ်ကြီးစိုးတဲ့ အစိုးရက ဖိနှိပ်တယ်ဆိုပြီး ဆဟာရ အာဖရိက အနွယ်နဲ့ တခြား လူမျိုးစုတွေက ၂၀၀၃ ခုနှစ်ကစပြီး ဒါဖော်ဒေသမှာ သူပုန်ထခဲ့ကြပါတယ်။ အစိုးရက အင်အားသုံးနှိမ်နင်းခဲ့ပြီး ဂျန်ဂျော်ဝီလို့ ခေါ်တဲ့ စစ်သွေးကြွတွေကို စေလွှတ်နှိမ်နင်းစေခဲ့ရာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အဓမ္မပြုကျင့်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူ ၃ သိန်းကျော် အသတ်ခံရပြီး လူ ၂ သန်း ၇ သိန်း ထွက်ပြေးခဲ့ရပါတယ်။

အခု ဖမြးမိတဲ့ ကူရှာယကဘြကြ ထောငနြဲ့ခွီတဲ့ ဂနွဂြွောဝြီ စဈသှေးကှှတှကေို ၂၀၀၃-၀၄ မှာ ကှီးကှပြ အမိန့ပြေးခဲ့တယလြို့ စှပစြှဲခံထားရပါတယြ။ သူ့ကို ဖမြးဝရမြးထုတထြားတဲ့ စှဲခကွတြှထေဲမှာ လူသတမြှု၊ အဓမျမပှုကငွ့မြှု၊ သုတသြငကြှပမြကွမြှုနဲ့ လုယကဖြကွစြီးမှုတှေ ပါဝငပြါတယြ။ ပှဈမှုထငရြှားရငြ တဈသကတြဈကွှနြး ကခွံရနိုငပြါတယြ။

__________________

__________________

အလိုရှိနတော ၁၃ နှဈကွာပွီဖွဈတဲ့ ဆူဒနျ စဈရာဇဝတျ သံသယရှိသူကို ဖမျးမိ

ဆူဒန်နိုင်ငံ၊ ဒါဖော်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုပေါင်း ၅၀ နဲ့ အလိုရှိနေတာ ၁၃ နှစ်ကျော် ကြာပြီဖြစ်တဲ့ ဆူဒန် စစ်သွေးကြွ ခေါင်းဆောင်ကို ဖမ်းမိပြီလို့ ဇွန်လ ၉ ရက်နေ့မှာ ဆူဒန် အာဏာပိုင်တွေက ပြောပါတယ်။

စစ်သွေးကြွခေါင်းဆောင် အလီ ကူရှာယက်ဘ် (၆၃ နှစ်) ဟာ ဆူဒန်နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံ နယ်စပ်အနီး ဝေးလံတဲ့ တစ်နေရာမှာ လက်နက်ချ အညံ့ခံခဲ့တာလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ရဲ့ ပြောခွင့်ရသူ ဖာဒီ အယ်လ် အဗ္ဗဒယ်လာက ပြောပါတယ်။

ဒါပေမယ့် ICC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကူရှာယက်ဘ်ကို ဘယ်နေ့က ဖမ်းမိတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာတွေ ဖော်ပြခြင်း မရှိပါဘူး။

အာရပ်ကြီးစိုးတဲ့ အစိုးရက ဖိနှိပ်တယ်ဆိုပြီး ဆဟာရ အာဖရိက အနွယ်နဲ့ တခြား လူမျိုးစုတွေက ၂၀၀၃ ခုနှစ်ကစပြီး ဒါဖော်ဒေသမှာ သူပုန်ထခဲ့ကြပါတယ်။ အစိုးရက အင်အားသုံးနှိမ်နင်းခဲ့ပြီး ဂျန်ဂျော်ဝီလို့ ခေါ်တဲ့ စစ်သွေးကြွတွေကို စေလွှတ်နှိမ်နင်းစေခဲ့ရာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အဓမ္မပြုကျင့်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူ ၃ သိန်းကျော် အသတ်ခံရပြီး လူ ၂ သန်း ၇ သိန်း ထွက်ပြေးခဲ့ရပါတယ်။

အခု ဖမ်းမိတဲ့ ကူရှာယက်ဘ်က ထောင်နဲ့ချီတဲ့ ဂျန်ဂျော်ဝီ စစ်သွေးကြွတွေကို ၂၀၀၃-၀၄ မှာ ကြီးကြပ် အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူ့ကို ဖမ်းဝရမ်းထုတ်ထားတဲ့ စွဲချက်တွေထဲမှာ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ သုတ်သင်ကွပ်မျက်မှုနဲ့ လုယက်ဖျက်စီးမှုတွေ ပါဝင်ပါတယ်။ ပြစ်မှုထင်ရှားရင် တစ်သက်တစ်ကျွန်း ကျခံရနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)