မိခင်ဖြစ်သူ ကလေးမွေးဖွားရာမှာ အသက် ၁၂ သမီးက ကူညီပေး

0
258

အမေရိကန်နိုင်ငံ၊ မစ္စစပီပြည်နယ်က အသက် ၁၂ နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးဟာ မိခင်ဖြစ်သူက မောင်ဖြစ်သူကို မွေးဖွားရာမှာ ၀င်ရောက်ပြီး ကူညီလုပ်ကိုင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာစီဒဲလ်လာပန်နာ ၁၂ နှစ်ဟာ မိခင်ဖြစ်သူ မီးဖွားရာမှာ ကောင်းကောင်းမမြင်ရတာကြောင့် အတော်ကြီး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ဆေးဝတ်စုံဝတ်ဆင်ပြီး ပါဝင်လုပ်ဆောင်ဖို့ ပြောလိုက်ပါတယ်။ ဆရာဝန်ရဲ့ကြီးကြပ်မှုနဲ့ သူမက ၀င်ရောက်ကူညီ ပေးခဲ့တာဖြစ်ပါတယ်။ ဂျာစီက သူ့မောင်လေးချက်ကြိုးဖြတ်တာကိုတောင် ကူညီပေးဖြတ်ပေးနိုင်ခဲ့ပါတယ်။

မွေးဖွားလာတဲ့ ဂျာစီရဲ့မောင်လေးကို ကေးဆန်ကာရာဝေးလို့ အမည်ပေးထားပြီး ၇ ပေါင်နဲ့ ၆ အောင်စရှိတယ်လို့ သိရှိရပါတယ်။ ဂျာစီရဲ့အင်မတန်စိတ်လှုပ်ရှားနေတဲ့ ဓါတ်ပုံတွေကို မိသားစုရဲ့မိတ်ဆွေဖြစ်သူ နီကီစမစ်က ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။ လူမှုကွန်ယက်သုံးစွဲ သူတွေက အဆိုပါပို့စ်ကို အကြိမ် တစ်သိန်းခုနှစ်သောင်းကျော် ပြန်ရှယ်ခဲ့ကြပါတယ်။

အချို့ဖေ့ဘွတ်ခ်သုံးစွဲသူတွေကတော့ ဆရာဝန်ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ကြပြီး ကလေးမလေးကသူ့ရဲ့စိတ်ခံစားချက်ကို ၀မ်းသာအားရ ပြောခဲ့ပေမယ့် တကယ်တမ်း ကလေးငယ်တစ်ဦးရဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဝေဖန်ရေးသားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)