ဥရောပသမဂ္ဂကနေ ထွက်ဖို့အရေး ဆွေးနွေးဖို့အသင့်ရှိကြောင်း ဂျာမနီဝန်ကြီးချုပ် ပြောကြား

0
272

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် သီရေဆာမေရှုံးနိမ့်ခဲ့ပြီးနောက် အစီအစဉ်ရေးဆွဲထားတဲ့ အတိုင်း ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံထွက်မယ့်ဖြစ်စဉ် ဗြိဇစ်(Brexit) အတွက် ဆွေးနွေးဖို့အသင့်ရှိနေကြောင်း ဂျာမနီဝန်ကြီးချုပ်အန်ဂျယ် လာမာခေးက ပြောကြားလိုက်ပါတယ်။

အစီအစဉ်တိုင်း ဗြိတိန်က အတိအကျလုပ်ဖို့မယ်လို့ ယုံကြည်ကြောင်းနဲ့ အီးယူကလည်း အသင့်ရှိနေကြောင်း မာခေးက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်မှာကျင်းပမယ့် အဆိုပါဆွေးနွေးပွဲအပြီးမှာလည်း ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂရဲ့လက်တွဲဖော်ကောင်းဆက်ဖြစ်နေမယ်လို့ ယုံကြည်ကြောင်း မစ္စမာခေးက ဆက်လက်ပြောကြားခဲ့ပါတယ်။

မစ္စမေရဲ့ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၁၃ နေရာဆုံးရှုံးခဲ့ပြီးနောက်မှာ ၀န်ကြီးချုပ်မာခေးက ပထမဆုံးအကြိမ် မှတ်ချက်ပြုပြောဆိုခဲ့ တာဖြစ်ပါတယ်။

အဆိုပါရွေးကောက်ပွဲရလဒ်ကြောင့် ကွန်ဆာဗေးတစ် ပါတီအနေနဲ့ ပါလီမန်မှာ အများစု စိုးမိုးထားရာကနေ အမတ် ၈ ဦးလျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဗြိဇစ်အရေးကိုလည်း အစိုးရကိုကိုယ်စားပြုပြီး ဆက်လက်ဆွေးနွေးဖြစ်မှာလား ဆိုတဲ့အချက်က မရေမရာဖြစ်လာခဲ့ပါတယ်။

ဥရောပသမဂ္ဂကနေ ထွက်မယ့်အရေးကိစ္စမှာ ဥပဒေနဲ့အညီလုပ်ဆောင်ခွင့်ကို သေချာစေဖို့အတွက် သတ်မှတ်ချိန်ထက်စောပြီး ရွေးကောက်ပွဲကို ကျင်းပဖို့ ၀န်ကြီးချုပ်မေက အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဗြိတိန်မှာ အစိုးရသစ်ဖွဲ့စည်းဖို့ လုပ်ဆောင်နေဆဲအချိန်ဖြစ်နေလို့ အစောပိုင်းမှာ မာခေးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗြိဇစ်ကိစ္စကို ပြောဆိုဖို့ ငြင်းဆိုထားခဲ့ပါတယ်။ ဒါဟာ လေးစားမှုနဲ့ ယဉ်ကျေးမှုကိုပြသတဲ့သဘောနဲ့ မှတ်ချက်ပေးပြောဆိုဖို့ လက်ရှောင်နေခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)