အီရတ်မှာ အသေခံဗုံးခွဲခဲ့တဲ့ အမျိုးသမီး ကြောင့် အနည်းဆုံး လူ ၃၀ နီးပါးသေဆုံး

0
272

အီရတ်နိုင်ငံ ဘဂ္ဂရတ်မြို့ တောင်ဘက် မိုင် ၅၀ အကွာ မူဆာရဘ် မြို့ထဲက လူစည်ကားသွားလာနေတဲ့ ဈေးအတွင်းမှာ  အသေခံဗုံးခွဲတိုက်ခိုက်သူ အမျိုးသမီးတစ်ဦးကြောင့် အနည်းဆုံးလူ ၃၁ ဦး သေဆုံးခဲ့ပြီး  ၄၅ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အသေခံဗုံးခွဲခဲ့ သူအမျိုးသမီးဟာ သူမရဲ့ဝတ်ဆင်ထားတဲ့ ၀တ်စုံအောက်မှာ ဗုံးကိုတပ်ဆင်လာတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ အီရတ်နိုင်ငံနေရာ အတော်များများကို သိမ်းပိုက်ထားတဲ့ အစ္စလာမ်မစ်တွေ ဟာ အမေရိကန်တပ်ပေါင်းစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် ဆုတ်ခွာသွားရပြီး   မြို့အတွင်း လူစည်ကား ရာနေရာတွေကို အဓိကထားတိုက်ခိုက်မှုတွေ ပြုလုပ်လာကြ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)