ဆန္ဒပြသူတွေ ငါးတွေ စုပုံပစ်ထား တဲ့ လွှတ်တော်ပြင်ပက ဆန္ဒပြပွဲ

0
269

ဂရိလွှတ်တော်အပြင်ဘက်လမ်းမပေါ်မှာ ငါးလုပ်ငန်းနဲ့ပတ်သတ်တဲ့ ဥပဒေပြင်ဆင်မှုကို  မကြေနပ်ကြတဲ့ ဂရိပြည်သူတွေ ဇွန်လ ၉ ရက်နေ့က ငါးတွေကို စုပုံကာ စွန့်ပစ်ထားခဲ့ကြပါတယ်။

ဂရိနိုင်ငံအတွင်း ခြိုးခြံခြွေတာရေးအစီအစဉ်တွေဖြစ်တဲ့ ပင်စင်စားတွေ၊ အလုပ်သမားတွေရဲ့အပေါ်  အခွန်တိုးမြှင့်မှုတွေ နဲ့ ငါးလုပ်ငန်းဆိုင်ရာ ဥပဒေပြင်ဆင်မှုကို မကြေနပ်ကြ တဲ့ အတွက်ကြောင့် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ ဆန္ဒပြသူတစ်ဦးက  ပြောပါတယ်။

ဂရိအစိုးရကတော့အခုလို အကြပ်အတည်းဖြစ်နေတဲ့အပေါ်  နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ ဥရောပ ဗဟိုဘဏ်အဖွဲ့အစည်းရဲ့ အကူအညီရယူပြီး ရင်းနှီးမြုပ်နှံသူတွေကို ဆွဲခေါ်သွားဖို့ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)