ပြိုပျက်နေတဲ့မိုဆူးလ်တက္ကသိုလ်ကို အခက်အခဲတွေကြားထဲက ပြန်လည်စတင်ဖို့ပြုလုပ်

0
273

အီရတ်အစိုးရတပ်ပေါင်းစုတွေ  မိုဆူးလ်မြို့ကို ပြန်လည်သိမ်းဆည်းရရှိပြီးနောက်မှာ မိုဆူးလ်တက္ကသိုလ် ကို ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

လက်ရှိအခြေအနေမှာတော့ မိုဆူးလ်တက္ကသိုလ်ဟာ စစ်ပွဲဒဏ်ကြောင့်အားလုံး နီးပါးပြိုကျပျက်စီး နေခဲ့ ပါပြီ။ စာသင်ခန်းတွေကို အသုံးပြုလုပ်လို့မရသေးခင် အခန်းရှင်းလင်းရေး အရင်လုပ် ရဦးမယ်လို့ စီးပွား ရေးတက္ကသိုလ်ရဲ့ ဆရာ Al Mathedy ကပြောပါတယ်။

လက်ရှိအချိန်မှာတော့   ကျောင်းသားတွေအတွက်  လာမဲ့နွေရာသီအမှီ စာသင်ကြားပေးနိုင်ဖို့ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ဒီကျောင်းကြီး ပျက်စီးသွားတဲ့အတွက်ကြောင့် ကျောင်းသားအများစု  ၀မ်းနည်းနေကြပြီး ဘယ်လောက် ခက်ခဲနေတဲ့အခြေအနေမှာပဲဖြစ်ဖြစ် စာသင်ကြားဖို့အတွက်ဇွဲရှိနေရမယ်လို့လည်း ကျောင်းသား အများစု ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။.

ကျွန်တော်တို့ ကျောင်းပြန်လည်တည်ဆောက်ဖို့အတွက် အကူအညီလိုအပ်နေပါတယ်။ သင်ကြားပေးမဲ့ ဆရာဆရာမတွေလည်း နည်းပါးနေပြီး ကျွန်တော်တို့ကို စာသင်ပေးဖို့ အကူအညီပေးနိုင်မဲ့ ဆရာဆရာမတွေလည်း လိုအပ်နေပါ တယ်လို့ တက္ကသိုလ်ကျောင်းသားတစ်ဦး ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)