ဗင်နီဇွဲလားနိုင်ငံမှာ ကလေးငယ်နဲ့ မိခင်လောင်းသေဆုံးမှု မြင့်တက်နေ

0
263

အထွေထွေကျပ်တည်းမှုတွေနဲ့ ဆူပူအုံ့ကြွမှုတွေကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ကလေးငယ်နဲ့ မိခင်လောင်း သေဆုံးမှု မြင့်တက်လာနေကြောင်း သိရှိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရ နှစ်နှစ်အတွင်း မိခင်လောင်းသေဆုံးမှု ၆၅ရာခိုင်နူန်းမြင့်လာပြီး ကလေးငယ်သေဆုံးမှု  ၃၀ ရာခိုင်နူန်းမြင့်တက်လာကြောင်း သိရှိရပါတယ်။

ဒီအချက်ဟာ အတိုက်အခံတွေက အစိုးရဲ့လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့်လို့ပြောတဲ့ တိုင်းပြည်စီးပွားရေး ကသောင်းကနင်းဖြစ်မှုအ ပေါ် ထင်ဟပ်နေပါတယ်။

သမ္မတမာဒူရိုကတော့ သူ့ကိုဆန့်ကျင်ပြီးအာဏာသိမ်းဖို့ အားပေးထောက်ခံမှုကြောင့် ဖြစ်လာတဲ့ဆေးဝါးပြတ်လပ်မှုတွေကြောင့်  ကျန်းမာရေးပြဿနာကြီးမားလာတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေနံအထွက်ဆုံးနိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်း ရေနံဈေးကျ ဆင်းမှုကြောင့် စီးပွားပျက်ကပ်ပြင်းပြင်းထန်ထန် ဆိုက်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် အစားအစာနဲ့ဆေးဝါး တွေကို တင်သွင်းမှု မလုပ်နိုင်တဲ့ အခြေအနေရောက် ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ဗင်နီဇွဲလားနိုင်ငံဟာ အစားအစာကနေစပြီး ဆေးဝါးအထိ အစစအရာရာ ပြတ်လပ်တဲ့အခြေအနေကို ရောက်နေ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)