အစွန်းရောက်မွတ်စလင်တွေကို တိုက်ခိုက်ဖို့ သမ္မတထရန့် လက်နက်ထုတ်ပေး

0
245

ဆီးရီးယားနိုင်ငံက အစွန်းရောက်အစ္စလာမ်မစ် အိုင်အက်စ်တွေကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ကတ်ရှ်လက်နက်ကိုင်အုပ်စုတွေ ကို စစ်လက်နက်ကူညီပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အတည်ပြုပေးလိုက်ကြောင်း ပင်တာဂွန်စစ်ဌာနချုပ်က ပြောပါ တယ်။

အိုင်အက်စ်တွေ စိုးမိုးထားတဲ့ ရက်ကာမြို့ကနေ မောင်းထုတ်ဖို့တွက် ကတ်ရှ်အုပ်စုဖြစ်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ကို စစ် လက်နက်တွေ တပ်ဆင်ပေးမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တူရကီအစိုးရက စိုးရိမ်မကင်းဖြစ်တာကို အမေရိကန်နိုင်ငံအနေနဲ့ သတိထားလုပ်ဆောင်နေပါတယ် လို့လည်း အဆိုပါအမျိုးသမီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

တူရကီအစိုးရက ကတ်ရှ်သူပုန်အုပ်စုကို  အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတာဖြစ်ပြီး ဆီးရီးယားမှာ နောက်ထပ်နယ် မြေတွေ သိမ်းပိုက်မှာကို မလိုလားပါဘူး။

ဒါပေမဲ့အဆိုပါ လက်နက်တပ်ဆင်ပေးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးက တူရကီကာကွယ်ရေးဝန်ကြီးနဲ့ ဖုန်း ဖြင့်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ပင်တာဂွန်က ဖော်ပြခဲ့ပါတယ်။ အသေးစိတ်ဆွေးနွေးမှုကိုတော့ မဖော်ပြခဲ့ပါဘူး။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ကို ကတ်ရှ်သူပုန်နဲ့ အာရပ်စစ်သွေးကြွတွေ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီး အမေရိကန်အဆင့် မြင့်တပ်ဖွဲ့နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုရဲ့ လေကြောင်း အထောက်အပံ့တွေကို ရရှိပြီးဖြစ်ပါတယ်။

ဆီးရီးယားအာရပ်မဟာမိတ်တပ်လို့လည်း ခေါ်ဝေါ်တဲ့ အဆိုပါ ကတ်ရှ်အုပ်စုကို ယခင်က လက်နက်အပေါ့စားတွေနဲ့ သံချပ်ကာ ကားတွေ အမေရိကန်က ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ကာမြို့နဲ့ မိုင်၃၀ အကွာမှာရှိတဲ့ တက်ဘ်ကာမြို့မှာ ကတ်ရှ်သူပုန်တပ်ဖွဲ့က အိုင်အက်စ်တွေကို တိုက်ခိုက်နေပါတယ်။

တကယ်တော့ ကတ်ရှ်သူပုန်တွေဟာ ကတ်ဒ်ပြည်သူကာကွယ်ရေးယူနစ်ကနေ လာသူတွေဖြစ်ပြီး တူရကီအစိုးရက မတရား အသင်းအဖွဲ့ကြေငြာထားခဲ့ပြီး ဆယ်စုနှစ်နဲ့ချီတိုက်ခိုက်ခဲ့တဲ့ ကတ်ရှ်ဒစ်စ္စတန်အလုပ်သမားပါတီက စစ်သွေးကြွတွေဖြစ်တယ်လို့ ယူဆထားတာကြောင့် အမေရိကန်ရဲ့လက်နက်ထောက်ပံ့မှုကို စိုးရိမ်မကင်းဖြစ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)