သြစတေးလျှအမတ်တစ်ဦး လွှတ်တော်မှာ ပထမဆုံးနို့တိုက်ကျွေးသူဖြစ်လာ

0
247

သြစတေးလျှလွှတ်တော်အမတ် လာရီဆာဝါတားဟာ နိုင်ငံရဲ့အမျိုးသားလွှတ်တော်ထဲမှာ ပထမဆုံးအကြိမ် ရင်သွေးကို နို့ချို တိုက်ကျွေးစောင့်ရှောက်တဲ့ နိုင်ငံရေးသမားဖြစ်လာပါတယ်။

သူမဟာ လက်ဝဲယိမ်းဂရင်းပါတီမှ ဖြစ်ပြီး နှစ်လသမီးရင်သွေးဖြစ်သူ အဲလီရှာဂျွိုင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လွှတ်တော်မှာ မဲပေးနေ ချိန် နို့ချိုတိုက်ကျွေးခဲ့တာဖြစ်ပါတယ်။

အောက်လွှတ်တော်ကလည်း အမျိုးသမီးဆီနိတ်တာတွေကို လွှတ်တော်ထဲမှာ နို့တိုက်ခွင့်ပေးတဲ့ ဆီးနိတ်လွှတ်တော်လိုမျိုး ခွင့်ပြု ပေးထားပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ လာရီဆာလိုမျိုး မဆောင်ရွက်ကြသေးပါဘူး။

“ လွှတ်တော်ထဲမှာ အမျိုးသမီးတွေနဲ့ မိဘလုပ်သူတွေ ပိုပြီးရှိသင့်ပါတယ်” လို့ လာရီဆာက ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

လေဘာပါတီဆီနိတ်ဖြစ်သူ ကတ်တီဂေါ်လာဂါကတော့ အမျိုးသမီးတွေဟာ ကလေးတွေကို စောင့်ရှောက်နေပြီး သူတို့အလုပ် တွေကို ဆက်လုပ်နေချင်သေးတယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ သူတို့အတွက် အဆင်ပြေအောင် လုပ်ပေးရမှာပါလို့ ပြောဆိုခဲ့ပါ တယ်။

သြစတေးလျှလွှတ်တော်မှာ အမျိုးသမီးအမတ်တွေကို လုပ်ငန်းခွင်အတွင်း ကလေးနို့ချိုတိုက်ကျွေးခွင့်ကို ၂၀၀၃ခုနှစ်ကတည်းက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)