ဗြိတိန်ဝန်ကြီးချုပ် အထူးကုသခန်းမှ ဆင်းခွင့်ရ၊ ဆက်လက် စောင့်ကြည့်နေ

0
138

COVID-19 ရောဂါ လက္ခဏာတွေ ဆက်တိုက်ပြနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ဧပြီလ ၉ ရက်နေ့ ညနေမှာ အထူးကုသခန်းကနေ ဆင်းခွင့် ရရှိခဲ့ပြီး ဆေးရုံမှာ ဆက်လက်ပြီး အနီးကပ် စောင့်ကြည့်နေပါတယ်။

အသက် ၅၆ နှစ်အရွယ် ဗြိတိန် ဝန်ကြီးချုပ်ဟာ ဧပြီလ ၅ ရက်နေ့က ကိုယ်ပူရှိန် မြင့်တက်ကာ ချောင်းဆိုးပြီးနောက် စိန့် သောမတ် ဆေးရုံကို တက်ရောက်ခဲ့ရတာပါ။ ဝန်ကြီးချုပ်ကို အထူးကုသခန်းကနေ ရိုးရိုးခန်းဆီကို ပြန်လည် ရွှေ့ပြောင်းခဲ့ကြောင်း၊ နာလန်ပြန်ထူချိန်မှာ စောင့်ကြည့်နေမှာ ဖြစ်ကြောင်း ဒေါင်းနင်းလမ်း အိမ်တော်က ပြောခွင့်ရသူက ပြောပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရတဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ပြန်လည်ကျန်းမာလာတာဟာ တကယ့် သတင်းကောင်းဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)