မြောက်ကိုရီးယားရဲ့နျူကလီယားအရေးမှာ ပိုမိုပူးပေါင်းဖို့ ထရန့်သဘောတူ

0
308

မြောက်ကိုရီးယားရဲ့နူကလီယားစမ်းသပ်မှုနဲ့ ဒုံးကျည်အစီအစဉ်တွေ ဆက်လက်လုပ်ဆောင်နေတဲ့အပေါ်မှာ အနီးကပ် ပူးပေါင်းတုံ့ပြန်မှုတွေပြု လုပ်သွားဖို့အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်နဲ့ သဘောတူညီချက် ရရှိခဲ့ကြောင်းဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေးက ပြောကြားပါတယ်။

ဖလော်ရီဒါမှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ထရန့်တို့ရဲ့ နှစ်ရက်ကြာစည်းဝေးမှုအပြီးမှာ ရှင်ဇိုအဘေးနဲ့ ထရန့်တို့ ၄၅မိနစ်ကြာ ဖုန်းနဲ့ဆွေးနွေး ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားအရေးကို တရုတ်ကဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဂျပန်နိုင်ငံအနေနဲ့ စောင့်ကြည့်နေ တယ်လို့ ရှင်ဇိုအဘေးက အမေရိကန်သမ္မတကို ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက လေကြောင်းအခြေစိုက်စခန်းတစ်ခုကို အမေရိကန်က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားနဲ့ ဆီးရီးယားပြဿနာတွေကို ထရန့်နဲ့ ပွင့်လင်းရင်းနှီးစွာဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ရှင်ဇိုအဘေးက ပြောပါတယ်။

ဓါတု လက်နက် မပျံ့ပွားရေးနဲ့အသုံးပြုမှုတားဆီးရေးအတွက် အမေရိကန်က တာဝန်ဝတ္တရားရှိတဲ့အတိုင်း ဖြေရှင်းမှုအပေါ် ဂျပန်နိုင်ငံရဲ့ထောက်ခံမှု ကို ရှင်ဇိုအဘေးက ထရန့်သိရှိအောင် ပြောကြားခဲ့တာဖြစ်ကြောင်း ဂျပန်အရာရှိတစ်ဦးက ပြောပါတယ်။

ဆီးရီးယားအရပ်သားတွေသေဆုံးမှုဖြစ်စေတဲ့ ဓါတုလက်နက်တိုက်ခိုက်မှုအပြီးမှာ နောက်ထပ်ဘယ်တော့မှ ထပ်မသုံးစွဲအောင် ရည်ရွယ်ပြီး ဒုံး ကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သမ္မတထရန့်က ၀န်ကြီးချုပ်ရှင်ဇိုအဘေးကို ပြန်လည်ပြောဆိုခဲ့ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြော ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ဂျပန်၊ တောင်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ ကျောချင်းကပ်ထားဖို့ သိတ်ကိုအရေး ကြီးနေတဲ့အချက်ကို ထရန့်ရဲ့အဘေးတို့ လုံးဝသဘောတူညီခဲ့ကြကြောင်း ၀န်ကြီးချုပ်ရှင်ဇိုအဘေးက ဆိုပါတယ်။

ဒါပေမဲ့ ဘေဂျင်းအစိုးရက မြောက်ကိုရီးယားအပေါ် ဖိအားပေးမှု သိသိသာသာရှိလာနိုင်တယ်လို့ ဂျပန်အရာရှိတွေက မယူဆထားကြကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)