သမ္မတထရန့်ကို လုပ်ကြံဖို့ကြံစည်နေပုံရတဲ့ ဓားပြကို အပြင်းအထန်ရှာဖွေနေ

0
295
အမေရိကန်နိုင်ငံ၊ ၀စ္စကွန်ဆန်ပြည်နယ်အာဏာပိုင်တွေနဲ့ အက်ဖ်ဘီအိုင်အဖွဲ့တွေဟာ သေနတ်ဆိုင်တစ်ဆိုင်ကို ဓားပြ၀င်တိုက်ပြီး အနည်းဆုံး သေနတ် ၁၆လက်ရယူသွားခဲ့သူကို အပြင်းအထန်တောနင်းရှာဖွေနေကြပါတယ်။
အဆိုပါလုယက်သူဟာ သမ္မတထရန့်ကို ပစ်မှတ်ထားပြီး လုပ်ကြံဖို့ကြံစည်တာဖြစ်နိုင်တယ်လို့လည်း အာဏာပိုင်တွေကယူဆထားတာကြောင့် အခုလိုအပြင်းအထန်ရှာဖွေနေတာဖြစ်ပါတယ်။
“ ပြောရမယ်ဆိုရင် ဒီလူက အစိုးရအရာရှိအကုန်လုံးအပေါ် ဒေါသထွက်နေတဲ့သူပါပဲ ၊ သူက လက်နက်လက်ဝယ်ကိုင်ထားပြီး အန္တရာယ် များတဲ့သူလို့ ကျွန်တော်တို့အနေနဲ့ ယူဆထားပါတယ် ” လို့ ရော့ခ်ကောက်တီရဲအကြီးအကဲ ရောဘတ်စပိုဒင် က ယနေ့ပြုလုပ် တဲ့သတင်း စာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
သံသယတရားခံဟာ အသက် ၃၂နှစ်အရွယ် ဂျိုးဆက်ဂျာကူဘိုစကီဖြစ်ပြီး ၀စ္စကွန်ဆန်ပြည်နယ်ရဲ့ ဂျန်နက်ဗီလီဒေသမှာနေထိုင်သူလို့ သိရှိရ ပါတယ်။
လက်ရှိအချိန်မှာ အဆိုပါသေနတ်သမားကို ရဲနဲ့အာဏာပိုင်အင်အား ၁၅၀လောက်က လိုက်လံ ရှာဖွေနေတာဖြစ်ပါတယ်။
လုယက်ခံလိုက်ရတဲ့သေနတ်တွေထဲမှာ အနည်းဆုံး ချေမှုန်းရေး ရိုင်ဖယ်နှစ်လက်နဲ့ လက်နက်ငယ်တော်များများ ပါဝင်သွားခဲ့ပါတယ်။
ဒါ့အပြင် အသံတိတ်ကိရိယာတွေကိုလည်း ရယူသွားဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လုယက်ခံရတဲ့ အမ်းမာဂီဒွန်ဟာ အဆိုပါအသံတိတ်ကိရိ ယာတွေကို ဖေ့ဘွတ်ခ်မှာ ကြေညာထားခဲ့တာကြောင့် လုယက်သူအနေနဲ့ ဆိုင်မှာရှိနေတာကို သိရှိထားပြီးဖြစ်လို့ တပါတည်းယူဆောင်သွား မယ်လို့ အာဏာပိုင်တွေက ယူဆထားကြတာဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)