မလေးရှားနိုင်ငံလေဆိပ်မှာ ဒေါ်လာ ၃.၁ မီလီယမ်တန်ဖိုး အာဖရိက ကြံ့ဦးချို တွေ့ရှိ

0
288

အာဖရိက ကြံ့ဦးချို ဒေါ်လာ ၃.၁ မီလီယမ်တန်ဖိုး ကို မလေးရှားနိုင်ငံလေဆိပ် မှာ အကောက်ခွန်ဦးစီးဌာနက သိမ်းဆည်း ရရှိခဲ့ တာပါ။

 အဲ့ဒီပစ္စည်းတွေဟာ မလေးရှားကို နာမည်အတု ၊လိပ်စာအတုနဲ့ ရောက်ရှိလာတာဖြစ် တယ်လို့  အကောက်ခွန် ဦးစီးအရှာရှိ ဟမ်းဇမ်းကပြောပါတယ် ။

အဲ့ဒီ ကြံ့ဦးချို ၁၈ ခုဟာ အလေးချိန် ၅၁.၄၄ ကီလိုဂရမ် ရှိပြီး ကာတာနိုင်ငံ တကာ လေကြာင်းလိုင်းကနေ ကွာလာလမ်ပူလေဆိပ်ကို ပို့ဆောင်ခဲ့ ကျတာဖြစ်ပါတယ်။ ဒါဟာ တောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားရေး ဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ခိုးသွင်းပို့ဆောင် တဲ့  ပြစ်မှုတစ်ခုပဲ  ဖြစ်ပါတယ်။

ဒီလို ကြံ့ဦးချိုတွေကို ကုလသမဂ္ဂ ကုန်သွယ်မှုပိတ်ပင်ထားပြီး များသောအားဖြင့် အာရှနိုင်ငံတွေမှာ ဆေးဖော်စပ်တဲ့ နေရာတွေမှာပဲ အသုံးပြုမှုရှိကြောင်း နဲ့ သက်ဆိုင်ရာ အကောက်ခွန်ဥပဒေ ပုဒ်မ နဲ့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဟမ်းဇမ်းက ပြောပါတယ်။

ဒီလို ကြံ့ဦးချိုတွေကို ပြီးခဲ့တဲ့လ ကလည်း ထိုင်းအာဏာပိုင်တွေ  ဒေါ်လာ ၅ သန်းနီးပါးတန်ဖိုး ဖမ်းဆီး ရရှိခဲ့ ကျတာ ပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)