မြောက်ကိုရီးယား အစိုးရကို မလေးရှား ကုမ္ပဏီ ငွေကြေးထောက်ပံ့နေ

0
252

မလေးရှား ဧရာမကော်ပိုရေးရှင်းကြီးကို တည်ထောင်ခဲ့တဲ့ အမှုဆောင်အရာရှိချုပ် ဟန်ဟွန်အီဟာ မြောက်ကိုရိးယား နွယ်ဖွားဖြစ်ပြီး ပြုံယမ်း အစိုးရကို ဘဏ္ဍာရေးထောက်ပံ့မှုတွေ ဆယ်စုနှစ် နှစ်စုကျော် ပြုလုပ်ခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ဟန်ရဲ့ကွန်ဂလိုမားရိတ်ကြီးဖြစ်တဲ့ မလေးရှားကိုရီးယားပါတနာ(MKP) ကုမ္ပဏီဟာ မြောက်ကိုရီးယားအာဏာရှင်ရဲ့ဦးလေးဖြစ်သူ ဂျန်ဆောင် သက်ခ်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

ဂျန်ဆောင်သက်ခ်ဟာ ၂၀၁၃ ခုနှစ်မှာ သုတ်သင်သတ်ဖြတ်မခံရခင်အထိ မြောက်ကိုရီးယားရဲ့ အာဏာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ပိတ်ဆို့အရေးယူခံနေရတဲ့ကြားက အဆိုပါကုမ္ပဏီရဲ့ထောက်ပံ့မှုတွေကို ဘယ်လမ်းကြောင်းကနေ ရယူနေလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့တွေက ကုမ္ပဏီပိုင်ရှင်ဟန်နဲ့ မလေးရှားကိုရီးယားပါတနာ(MKP) ကို စုံစမ်းဖော်ထုတ်မှုတွေ အပြင်းအထန် လုပ်လာချိန်မှာ အခုသတင်းထွက်ပေါ် လာတာဖြစ်ပါတယ်။

ကုလပိတ်ဆို့မှု စောင့်ကြည့်ရေး ကျွမ်းကျင်သူတွေရဲ့ မြောက်ကိုရီယားနိုင်ငံဆိုင်ရာ ဖေဖော်ဝါရီထုတ်ပြန်ချက်မှာ MKP ကုမ္ပဏီရဲ့ ပြုံးယမ်းအခြေ စိုက်ဘဏ် လုပ်ငန်းကို အဓိက စောင့်ကြည့် သုံးသပ်ပြခဲ့တာဖြစ်ပါတယ်။

၂၀၁၃ခုနှစ် ကုလပိတ်ပင် အရေးယူမှုတွေ နိုင်ငံခြားကုမ္ပဏီတွေ ဒါမှမ ဟုတ် နိုင်ငံခြားဖက်စပ်လုပ်ငန်းတွေကို မြောက်ကိုရီးယားမှာ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းခွဲထားခွင့်မပြုပါဘူး။

ကုလသမဂ္ဂရဲ့ဖော်ပြချက်အရ International Consortium Bank လို့အမည်ပေးထားတဲ့ အဆိုပါဘဏ်ကို MKP နဲ့ ကင်ဂျုံအန်းဦးလေး ဂျန်ရဲ့ Sungri Economic Group တို့ ဖက်စပ်တည်ထောင်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဘဏ်လုပ်ငန်းလိုင်စင်ကို မြောက်ကိုရီယားဗဟိုဘဏ် နဲ့ ပြုံးယမ်း စည်ပင်သာယာ ပြည်သူ့ကော်မတီတို့က ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)