လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ အီဂျစ်နိုင်ငံ ခရစ်ယာန်ဘုရားကျောင်း ဗုံးပေါက်ကွဲမှု

0
289

အီဂျစ်နိုင်ငံ ဘုရားကျောင်းနှစ်ကျောင်းမှာ  မနေ့ တနင်္ဂနွေနေ့က  ဗုံးနှစ်လုံးပေါက်ကွဲမှု   ဖြစ်ပွားခဲ့ပြီး လူ အယောက် ၄၀ ကျော် သေဆုံးခဲ့ကာ   လူအယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။

ပထမဗုံးပေါက်ကွဲမှု ဟာ တန်တာမြို့ စိန့်ဂျော့်ခ်ျ ဘုရားကျောင်းအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး    အနည်းဆုံး လူ  ၂၇ ဦးသေဆုံးကာ   ၇၈ ယောက်   ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ဗုံးကတော့ အလက်ဇန်းဒါးမြို့က စိန့်မာခ့်ဘုရားကျောင်းမှာ ထပ်မံပေါက်ကွဲခဲ့တာဖြစ်ပြီး ၁၇ ယောက်သေဆုံးခဲ့ကာ ၄၈ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနကပြောပါတယ်။

အဲ့ဒီဘုရားကျောင်းတွေကို  ဒုတိယမြောက် ပုဒ်ရဟန်း တူဝ်ဒရို  ရောက်ရှိနေချိန် ပေါက်ကွဲမှု တွေဖြစ်ပေါ်ခဲ့ပေမဲ့ သူကိုတော့ မထိခိုက်ခဲ့ဘူးလို့ရဲအရာရှိတွေက ပြောပါတယ်။

အခုလိုဗုံးပေါက်ကွဲမှုတွေဟာ အစ္စလာမစ်အဖွဲ့က သူတို့ ပြုလုပ်တာဖြစ်ကြောင်း လည်း ထုတ်ပြန် ကြေငြာထားခဲ့ပါတယ်။

 ဒီလိုအခြေအနေတွေကြောင့် အီဂျစ်သမ္မတ  Abdel Fattah al-Sisi  ကတော့ အီဂျစ်နိုင်ငံ တွင်း အရေးပေါ် အခြေအနေ ၃ လထားရှိဖို့ ကြေငြာချက်ထုတ်ပြန်လို်က်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)