ဝီကီလိခ် အချက်အလက်များ ကြည့်ရှုရန် ကမ်းလှမ်းခံရမှု နည်းပညာ ကုမ္ပဏီကြီးတွေ လက်တွန့်

0
360

ဝီကီလိခ်ကို တည်ထောင်သူ ဂျူလီယန် အက်ဆန်က အမေရိကန်က နည်းပညာ ကုမ္ပဏီကြီးတွေကို သူ့အဖွဲ့နဲ့ တွဲလုပ်ရင် အကျိုးများမယ်လို့ ကမ်းလှမ်းပေမယ့် ကုမ္ပဏီကြီးတွေကတော့ ဥပဒေအရ ငြိမ်စွန်းမှုတွေ ရှိလာနိုင်လို့ တုံ့ပြန်ဖို့ ဝန်လေးနေကြပါတယ်။

မကြာသေးမီကပဲ ဂျူလီယန် အက်ဆန်ဟာ အမေရိကန် ထောက်လှမ်းရေး စီအိုင်အေက တယ်လီဗေးရှင်းနဲ့ အများသုံးကွန်ပြူတာ ဆော့ဖ်ဝဲလ်တွေမှာ နည်းပညာတွေသုံးပြီး လူတွေကို ဘယ်လို စောင့်ကြည့်တယ် ဆိုတာတွေကို ဖွင့်ချခဲ့ပါသေးတယ်။ အဲဒီထဲမှာ နာမည်ကြီး လူသုံးများ Google နဲ့ Apple လို ကုမ္ပဏီကြီးတွေ ပါနေပါတယ်။
နည်းပညာ ကုမ္ပဏီကြီးတွေက ဥပေဒနဲ့ ငြိစွန်းမှာ စိုးတဲ့အတွက် လက်တွန့်နေပေမယ့် တချိန်တည်းမှာပဲ သူတို့ နည်းပညာ၊ စနစ်နဲ့ ထုတ်ကုန်တွေရဲ့ အားနည်းချက်ဟာ ဘာတွေလဲလို့လည်း သိချင်နေပါတယ်။
စီအိုင်အေအတွက် ရင်လေးစရာကတော့ ဝီကီလိခ်က အခု ဖွင့်ချသမျှဟာ သူတို့မှာ ရှိတဲ့ ဖိုင်တွေရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိသေးတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
လတ်တလောမှာ ဂျူလီယန် အက်ဆန်ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အက်ကွာဒေါ သံရုံးထဲမှာ ခိုလှုံခွင့်တောင်းပြီး နေထိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)