ဂျာမန် ဒီးဆောဒေါ်ဖ် ဘူတာရုံမှာ ပုဆိန်နဲ့ ရမ်းကားမှုကြောင့် လူတချို့ဒဏ်ရာရ

0
297

ဂျာမနီနိုင်ငံ အနောက်ပိုင်းဒေသ ဒီးဆောဒေါ်ဖ်မြို့က ဟောက်ဘန်းဟော့ဖ်ဘူတာရုံမှာ ရထားပေါ်ကနေ ပုဆိန်နဲ့ခုန်ချလာသူက ခရီးသွားပြည်သူတွေကို လိုက်ခုတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါဘူတာရုံမှာ မတ်လ ၉ ရက်နေ့ညပိုင်းက အခုလို ရမ်းကားမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က လူနှစ်ဦးကို ဖမ်းဆီးထား ကြောင်း သိရှိရပါတယ်။
ဒဏ်ရာရရှိခဲ့သူတစ်ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ် မရှိကြောင်း သိရှိရပါတယ်။ တရားခံက တံတားပေါ် ကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘူတာရုံဝန်ထမ်းတစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။ ” ကျွန်တော်တို့က ရထား စောင့်နေကြတာပါ။ ရထားဆိုက်လာတော့ ပုဆိန် ကိုင်ထားတဲ့သူတစ်ဦး
ရုတ်တရက်ခုန်ထွက်လာတယ်။ ပြီးတော့ လူတွေကို လိုက်ခုတ်တော့တာပဲ။ သွေးတွေမှ အများ ကြီးပဲ။ ကျွန်တော်လည်း တွေ့ဖူးကြုံဖူးပါတယ်။ ဒါပေမဲ့အခုလိုမျိုးတော့ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဘာလင်မြို့က ခရစ္စမတ်ဈေးထဲကို ကုန်တင်ကားနဲ့ ၀င်တိုက်တာကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ရပြီး ၅၆ဦး ဒဏ်ရာရခဲ့တဲ့ အကြမ်း ဖက်မှုနောက်ပိုင်း လအတန် ကြာမှာ အခုလို ပုဆိန်နဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်အထိ အကြမ်းဖက်မှုရဲ့နောက်ကွယ်က အကြောင်းရင်းကို အာဏာပိုင်တွေ မသိရှိရသေးပါဘူး။

အဆိုပါ ဟောက်ဘန်းဟော့ဖ် ဘူတာရုံဟာ မြို့ရဲ့အဓိကဘူတာရုံကြီးဖြစ်ပြီး တနေ့ကို လူပေါင်း နှစ်သိန်းခွဲလောက် သွားလာနေ ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)