အမေရိကန် စစ်သမီးတွေရဲ့ မဖွယ်မရာ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့

0
317
အမေရိကန် မရိန်းတပ်ဖွဲ့တစ်ခုတည်း သာမက တခြား စစ်တပ်တွေက အမေရိကန် စစ်မှုထမ်းတွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင် ဖက် စစ်သမီးတွေရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို အွန်လိုင်းကနေတဆင့် ဖြန့်ဝေနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက လက်ရှိနဲ့ အနားယူသွားတဲ့ မရိန်းစစ်သားတွေဟာ ဖေ့ဘွတ်ခ်ပေါ်မှာ အဆိုပါ ဓာတ်ပုံတွေကို ဖြန့်ဝေ နေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး အမေရိကန်ရေတပ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မရိန်းတပ်ဖွဲ့တင်မကဘဲ အခြားစစ်ဘက် အမျိုးသားဝန်ထမ်း များစွာက အဆိုပါ ဓာတ်ပုံတွေကို မျှဝေနေကြ တယ်ဆိုတာကို အာဏာပိုင်တွေက သိရှိလာခဲ့တာ ဖြစ်ပါတယ်။
ပင်တာကွန် စစ်ဌာနချုပ်ကတော့ ဒီလိုလုပ်ရပ်ဟာ ဆိုးရွားကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ အမျိုးသား စစ်ဘက်ဝန်ထမ်းတွေဟာ Anon-IB ၀က်ဘ်ဆိုက်ဒ်က ပေးထားတဲ့ အမည်ဖော်ပြစရာ မလိုတဲ့အွန်လိုင်းဓာတ်ပုံ သိမ်းဆည်းမှုကို အသုံးပြုပြီး သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် စစ်သမီးတွေရဲ့ ဓာတ်ပုံတွေကို တင်နေကြတာဖြစ်ပါတယ်။
အဆိုပါ ၀က်ဘ်ဆိုင်မှာ စစ်သမီးတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ အ၀တ်အစား ၀တ်ဆင်ထားတဲ့ ပုံတွေကို အရင်တင်ပြီး အဲဒီဝက်ဘ် ဆိုက်ဒ်မှာ မှတ်ပုံတင်ထားတဲ့ သူတစ်ဦးကို မဖွယ်မရာ (nude) ဓာတ်ပုံရှိသလားလို့ မက်ဆေ့ဂ်နဲ့ မေးပါတယ်။ ရှိတယ်ဆိုရင်အခြား တစ်ဦးက ဓာတ်ပုံကို ပို့စ်တင်ပါတယ်။
တခါတရံ အဲဒီပို့စ်တွေမှာ     အမျိုးသမီးတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုပါ တင်နေကြတာဖြစ်ကြောင်း သိရှိရပါတယ်။ အစောပိုင်းမှာတော့ ဒီလို လုပ်ဆောင်မှုတွေဟာ မရိန်းတပ်တစ်ခုတည်းလို့ ယူဆခဲ့ကြပါတယ်။ သူတို့ဟာ Marines United ဆိုတဲ့ အမည်နဲ့ ဖေ့ဘွတ်ခ် စာမျက်နှာ ထောင်ပြီး လုပ်ခဲ့ကြတာဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၃ သောင်းခန့်ရှိခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးခင်က သတင်း တွေထွက်ပေါ်လာခဲ့ပြီးနောက်မှာ အဲဒီပေ့ဂ်ျကို ပိတ်လိုက်ကြပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)