အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့မှာ နှစ်ပေါင်း ၂၆၀၀ သက်တမ်းရှိ နန်းတော် တစ်ခု တူးဖော်တွေ့ရှိ

0
313

အီရတ်နိုင်ငံက ဘုရားကျောင်းတစ်ခုရဲ့ အောက်မှာ ၆၀၀ ဘီစီ ခန့်က နန်းတော်ဟောင်း တစ်ခုကို ရှေးဟောင်း သုတေသန ပညာရှင်တစ်စုက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

နက်ဘီယွန်နပ်စ် လို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခုရဲ့ အောက်မှာ အဲဒီ နန်းတော်ဟောင်းကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီ ဘုရားကျောင်းကို IS အကြမ်းဖက်အဖွဲ့က ဖျက်ဆီးထားခဲ့တဲ့ ခြေရာလက်ရာတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီ နန်းတော်ဟောင်းကို IS အကြမ်းဖက်အဖွဲ့တွေက အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်က အဲဒီ နန်းတော်ရဲ့ အပေါ်မှာရှိတဲ့ ဘုရားကျောင်းကို ဖောက်ခွဲဖျက်ဆီးပြီးတဲ့ နောက်မှာရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနန်းတော်ထဲမှာ မွတ်စလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေက ဂျိုးန လို့ခေါ်တဲ့ ပရောဖက်တစ်ပါးရဲ့
အုတ်ဂူလည်း ရှိနေပြီး ဒီရှာဖွေတွေ့ရှိမှုဟာ IS အကြမ်းဖက်သမားတွေက အဖိုးတန်ပစ္စည်းတွေကို ခိုးယူဖို့အတွက် ဥမင်လှိုဏ်ခေါင်းတွေ ဖောက်ခဲ့ကြတယ်ဆိုတဲ့ ပထမဆုံး သက်သေတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီဥမင်လှိုဏ်ခေါင်း အတွင်းမှာ ဘီစီ ၆၂၇ ခုနှစ်လောက်က ပေါ်ထွန်းခဲ့တဲ့ အာဆီးရီးယန်း အင်ပါယာရဲ့ ဘုရင် အီဆာဟာဒွန် ရေးထိုးထားတဲ့ ကျောက်စာတွေ ရှိနေပါတယ်။

လက်ရှိမှာ အဲဒီ ဥမင်လှိုဏ်ခေါင်းဟာ IS အဖွဲ့ရဲ့ စနစ်မကျတဲ့ တူးဖော်မှုကြောင့် ပြိုကျမယ့် အန္တရယ် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)