သမ္မတ ပတ်ခ်ဂွန်ဟေးကို ရာထူးကနေ ဖယ်ရှားချိန် ပြည်သူနှစ်ဦး သေဆုံး

0
289

တောင်ကိုရီးယားနိုင်ငံရဲ့ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ ပတ်ခ်ဂွန်ဟေးကို အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်နေမှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက သမ္မတရာထူးကနေ ဖယ်ရှားမိန့် ချမှတ်လိုက်ချိန်မှာ ဆန္ဒပြနေကြတဲ့သူတွေထဲက နှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်ပါတယ်။

အဆိုပါလူနှစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ရဲတပ်ဖွဲ့က မဖော်ပြခဲ့ပါဘူး။ ဒါပေမဲ့ ယနေ့ နေ့လယ်မှာ ဒေသခံဆေးရုံအရာရှိ တစ်ဦးက သေဆုံးသူတစ်ဦးဟာ အသက် ၇၀ အရွယ်ဖြစ်ပြီး တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရှေ့မှာ ဘတ်စ်ကားပေါ်က ပြုတ်ကျပြီး ဦးခေါင်းထိခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

အမေရိကန် စီအန်အန်သတင်းဌာနက ထုတ်လွှင့်တဲ့ရုပ်သံသတင်းမှာ ဆန္ဒပြသူတွေဟာ စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ အခြားအရာဝတ္ထုတွေနဲ့ ပေါက်သူတချို့ရှိပေမယ့် အများစုက ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ မစ္စပတ်ခ် ဂွန်ဟေးကို သမ္မတရာထူးကနေ ဖယ်ရှားကြောင်း ကြေညာချက်ထုတ်ပြန်ချိန်မှာ အဆိုပါမငြိမ်မသက်ဖြစ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)