အမေရိကန်ရဲ့ ကြောင်သူတော်လုပ်ရပ် တရုတ်လူ့အခွင့်အရေး စစ်တမ်း ဝေဖန်ဖော်ပြ

0
300

တရုတ်နိုင်ငံက နှစ်စဉ်ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစစ်တမ်းမှာ အမေရိကန်နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု၊ ကြောင်သူတော်လုပ်မှုနဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေရှိကြောင်း စွပ်စွဲတိုက်ခိုက်ဖော်ပြခဲ့ပါတယ်။

“ ၂၀၁၆ ခုနှစ်မှာ ပိုက်ဆံနိုင်ငံရေးနဲ့ အာဏာရဖို့ ငွေကြေးသုံးတဲ့ ဆက်ဆံရေးတွေက သမ္မတရွေးကောက်ပွဲကို ထိန်းချုပ်ခဲ့တယ်။ ရွေးကောက်ပွဲက မုသားနဲ့ အလိမ်အညာတွေချည်းပါပဲ” လို့ အဲဒီစစ်တမ်းက ဖော်ပြပါတယ်။ “ နိုင်ငံရေးဆိုင်ရာအခွင့်အရေးအတွက် ဘာအာမခံချက်မှ မရှိခဲ့ပါဘူး”

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး လျစ်လျူရှုမှုကို အမေရိကန်ရဲ့ နှစ်စဉ်ထုတ်တဲ့ ကြေညာချက်မှာ အစဉ်တစိုက် ဝေဖန်စွပ်စွဲခဲ့ပါတယ်။ အမေရိကန်ရဲ့ကြေညာချက်က နိုင်ငံပေါင်း ၂၀၀ နီးပါးကို ရောက်ရှိပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကြေညာချက်မှာ တရုတ်အရပ်ဖက် အဖွဲ့အစည်းတွေဟာ ဖိနှိပ်ကန့်သတ်မှုတွေ ခံစားနေရကြောင်းနဲ့ ဘေဂျင်းအစိုးရက ဟောင်ကောင်နဲ့ မက္ကာအိုမှာ လွတ်လပ်မှုမရှိအောင် လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီလိုပဲ ဘေဂျင်းရဲ့လူ့အခွင့်အရေး ထုတ်ပြန်ချက်ကလည်း မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုနဲ့လူမျိုးရေးခွဲခြား မှုတွေကို ကိုးကားဖော်ပြပြီး အမေရိကန်ဒီမိုကရေစီစနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ လူ့အခွင့်အရေးကို နံပါတ်တုတ်နဲ့ ကိုင်တွယ်နေပြီး ကိုယ်တိုင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုံးဝ ဂရုမစိုက်ဘူးလို့ တရုတ်လူ့အခွင့်အရေးစစ်တမ်းက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)