သမ္မတပတ်ခ်ဂွန်ဟေး အကျင့်ပျက် ခြစားမှုကြောင့် ရာထူးမှ ဖယ်ရှားခံရဖွယ် ရှိနေ

0
278

ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်တင်မြှောက်ခံရတဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေထဲမှာ မစ္စပတ်ခ်ဂွန်ဟေးဟာ ပထမဆုံး အကြိမ် ရာထူးကနေ ဖယ်ရှားခဲ့ရသူဖြစ်လာခဲ့ပါတယ်။

ရင်းနှီးတဲ့မိတ်ဆွေ မစ္စချောင်ဆွမ်စီးလ်ပါဝင်တဲ့ အကျင့်ပျက်ခြစားမှုမှာ ပတ်သတ်မှုရှိခဲ့တာကြောင့် သူမကို ရာထူးကနေ ဖယ်ရှားဖို့ ပါလီမန်ရဲ့ဆုံးဖြတ်ခဲ့မှုအပေါ် တရားသူကြီးတွေကလည်း တညီတညွှတ်တည်း ထောက်ခံခဲ့ကြပါတယ်။ မစ္စပတ်ခ်ကို ဖယ်ရှားလိုက်တာနဲ့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ လာမယ့်မေလအစောဆုံးထားပြီး သမ္မတအသစ်ကို ရွေးချယ်ရ မှာဖြစ်ပါတယ်။

ဒါ့အပြင် ပတ်ခ်ဂွန်ဟေးအနေနဲ့ သမ္မတအနေနဲ့ ရရှိခံစားခွင့်ရှိတဲ့ ဥပဒေအရအကာအကွယ်တွေကိုလည်း ဆုံးရှုံးခဲ့ပြီး တရားစီရင်ခံ မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး မစ္စပတ်ခ်ကို သမ္မတတာဝန်တွေကနေ ရပ်စဲခဲ့ပြီးဖြစ်ပါတယ်။ သူမရဲ့တာဝန်တွေကို တောင်ကိုရီးယား ၀န်ကြီးချုပ်က ရယူထားပါတယ်။

အစိုးရရဲ့မျက်နှာသာပေးမှုရရှိအောင် ကုမ္ပဏီကြီးတွေကို ဖိအားပေးပြီး ငွေတောင်းခံခဲ့တဲ့စွဲချက်နဲ့ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ မစ္စချောင်ကို အရေးယူထားပါတယ်။ မစ္စပတ်ခ်ကတော့ မစ္စချောင်နဲ့ ပေါင်းပြီးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုရင် ဆိုင်နေရတာဖြစ်ပါတယ်။

တရားသူကြီးရှစ်ဦးပါဝင်တဲ့ တိုင်းပြည်ရဲ့ထိပ်တန်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရာရုံးအဖွဲ့က ခိုင်မာတဲ့အချက်အလက်တွေ ရ ရှိပြီး ဆုံးဖြတ်ချက်မချခင်ကတည်းက မစ္စပတ်ခ်ကို သမ္မတအဖြစ်ကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့အပြုအမှုဟာ တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီစိတ်ဓါတ်ကို ဆိုးဆိုးရွားရွား ယိုယွင်းပျက်စီးစေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့အကြီးအကဲလီဂျန်မီက ပြောကြားခဲ့ပါတယ်။

Chat Conversation End
Type a message…

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)