Corona ဗိုင်းရပ်စ်ကြောင့် အသင်းလေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်မယ့် အိုင်ဟာလို

0
121

Corona ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးအသစ် အိုင်ဟာလိုဟာ စပိန်နိုင်ငံ၊ မာဘယ်လာမြို့ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်နိုင်မှာ မဟုတ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ 


Corona ဗိုငြးရပဈြကှောင့ြ အသငြးလေ့ကငွ့ခြနြး အစီအစဉကြို လှဲခွောမြယ့ြ အိုငဟြာလို

Corona ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးအသစ် အိုင်ဟာလိုဟာ စပိန်နိုင်ငံ၊ မာဘယ်လာမြို့ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်နိုင်မှာ မဟုတ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။
Corona ဗိုင်းရပ်စ် ဖြစ်ပွားခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခရီးသွားခွင့်တွေကို ကန့်သတ်ဖို့ စီစဉ်ထားပါတယ်။

ဗိုင်းရပ်ကြောင့် တိုက်စစ်မှူး အိုင်ဟာလိုဟာ အင်္ဂလန် နိုင်ငံကနေ ခရီးထွက်ခွင့် တားဆီးခံရဖွယ်ရှိပါတယ်။ အိုင်ဟာလိုဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်က တရုတ်နိုင်ငံအခြေစိုက် ရှန်ဟိုင်း ကလပ်ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ခြောက်လ အငှားစာချုပ်နဲ့ ပြန်ဖို့ သဘောတူညီခဲ့ပါတယ်။

Corona ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ အဓိက စတင်ဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေနေအဖြစ် လက်ရှိအချိန်မှာ ကြေညာထားပါတယ်။ တရုတ်နိုင်ငံကို ခရီသွားခြင်းနဲ့ တရုတ်နိုင်ငံက ပြန်လာခြင်းတို့ကို ကန့်သတ်တာတွေ ရှိနေပါတယ်။ ဗြိတိန် လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံကနေ အင်္ဂလန်ကို ပြန်လာတဲ့သူတွေကို အနည်းဆုံး ၁၄ ရက်ကြာ စောင့်ကြည့့်သွားမှာလည်း ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)