ဆီးရီးယားတပ်ဖွဲ့တွေ သူပုန် တပ်စွဲထားတဲ့မြို့ကို သိမ်းပိုက်

0
37

ဆီးရီးယား အစိုးရတပ်ဖွဲ့ဟာ အစ်ဒ်လစ်ဘ် ပြည်နယ်က ဗျူဟာကျတဲ့ မြို့တစ်မြို့ဖြစ်တဲ့ စာရာကက်ဘ်ကို ထိန်းချုပ်ထားလိုက်တယ်လို့ ဆီးရီးယားသမ္မတ ဘာရှား အာဆတ်က ပြောပါတယ်။ 

ဒီအတောအတွင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က တူရကီ ကျောထောက်နောက်ခံ ပေးထားတဲ့ အတိုက်အခံ တပ်ဖွဲ့တွေဟာ စာရာကက်ဘ်ရဲ့ မြောက်ဘက် ၁၅ ကီလိုမီတာ အကွာမှာရှိတဲ့ တပ်ဖ်တာနက်ဇ် အပါအဝင် ရှေ့တန်းက နေရာအနည်းအကျဉ်းမှာ စခန်းချ တပ်စွဲထားကြတယ်လို့ ပြောပါတယ်။ 

တူရကီအစိုးရက တရားဝင် ထုတ်ပြန်ကြညာတာ မလုပ်သေးပေမယ့် ဒေသတွင်း မီဒီယာတွေကတော့ တူရကီစစ်တပ်ဟာ မြေပြင်တပ်ဖွဲ့တွေကို ဆီးရီးယားမှာ ချထားနေပြီလို့ အစီရင်ခံဖော်ပြပါတယ်။

ဆီးရီးယားတပျဖှဲ့တှေ သူပုနျ တပျစှဲထားတဲ့မွို့ကို သိမျးပိုကျ