ဝူဟန်မြို့တက္ကသိုလ် ဆေးရုံက ဆေးဘက်ဆိုင်ရာ တစ်ဖွဲ့လုံး ဗိုင်းရပ်စ်ကူးစက်ခံထားရ

0
320

တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန်မှာရှိတဲ့ တက္ကသိုလ်ဆေးရုံက ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဟာ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဆေးရုံရှိ လူနာတွေရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ 

ဆေးဘက်ဆိုင်ရာ အဖွဲ့ဟာ ဗိုင်းရပ်စ်ပိုး အဓိကပြန့်ပွားတဲ့ ဝူဟန်မြို့တွင်းက တက္ကသိုလ်ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်ပြီး အဲဒီ ဆေးရုံမှာ Corona ဗိုင်းရပ်စ် ကူးစက်တဲ့ လူနာ ၁၃၈ ဦး ရှိနေပါတယ်။ အဲဒီအထဲက လူနာ ၅၇ ဦးဖြစ်တဲ့ ၄၁ ရာခိုင်နှုန်းဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ဒါမှမဟုတ် တခြား အကြောင်းရင်းတွေကြောင့် ဆေးကုသမှုခံယူနေ ကြရတဲ့သူတွေ ဖြစ်ပါတယ်။ 

ခွဲစိတ်ဆောင်က လူနာတစ်ဦးဆီကနေ ဆေးရုံဝန်ထမ်း ၁၀ ဦးကျော်အထိ ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။ လူနာတွေဆီမှာ ကိုယ်ပူချိန် မြင့်တက်တာနဲ့ အလွန်ပင်ပန်း နွမ်းနယ်သလို ခံစားရတဲ့ လက္ခဏာတွေ ရှိနေချိန်မှာ သူတို့အထဲက ၁၀ ရာခိုင်နှုန်းလောက်ဟာ ဝမ်းပျက်တာနဲ့ ပျို့အန်တာလို ထူးခြားကွဲပြားတဲ့ လက္ခဏာတွေ ရှိနေပါတယ်။

ဝူဟနျမွို့တက်ကသိုလျ ဆေးရုံက ဆေးဘကျဆိုငျရာ တဈဖှဲ့လုံး ဗိုငျးရပျဈကူးစကျခံထားရ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)