ဆီရီးယား အေရွ႕ပိုင္းမွာ ႐ုရွား စစ္အႀကံေပးေတြ ေသဆံုးမႈရွိ

0
1004

ဆီးရီးယား အေရွ႕ပိုင္းမွာ အေမရိကန္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အစိုးရကို ေထာက္ခံတဲ့ ဟစ္ဇဘိုလာတပ္ဖြဲ႔ဝင္ေတြ၊ လူမ်ိဳးစု တိုက္ခိုက္ေရးသမားေတြအျပင္ ႐ုရွား စစ္ဖက္အႀကံေပးေတြ ေသဆံုးခဲ့တယ္လို႔ အီရန္ သတင္းဌာန တက္စနင္က ေဖာ္ျပလိုက္ပါတယ္။

အေမရိကန္ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ တုိက္ေလယာဥ္ေတြဟာ ယူဖေရးတီးျမစ္ အေရွ႕ဘက္ကမ္းကို ေဖေဖာ္ဝါရီ ၇ ရက္ေန႔ကလည္း ဗံုးေတြ အႀကီစးအက်ယ္ ႀကဲခ်ခဲ့ပါတယ္။

႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့ အေမရိကန္ ညြန္႔ေပါင္းအဖြဲ႔က ဗံုးႀကဲတိုက္ခိုက္ရာ ယူဖေရးတီး အေရွ႕ဘက္ကမ္းေဒသမွာ ႐ုရွားစစ္ဘက္ဆိုင္ရာကလူေတြ မရွိဘူးလို႔ ေၾကညာခဲ့ဖူးပါတယ္။ ဆီးရီးယား အေနာက္ပိုင္းရွိ ဟူမိန္မင္ ႐ုရွား ေလတပ္စခန္းကေတာ့ အေမရိကန္ရဲ႕ ဗံုးႀကဲတိုက္ခိုက္မႈေတြဟာ ေဒသတြင္း မတည္ၿငိမ္မႈကို ျဖစ္ေစတယ္လို႔ ေၾကညာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီရီးယား အရှေ့ပိုင်းမှာ ရုရှား စစ်အကြံပေးတွေ သေဆုံးမှုရှိ

ဆီးရီးယား အရှေ့ပိုင်းမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစိုးရကို ထောက်ခံတဲ့ ဟစ်ဇဘိုလာတပ်ဖွဲ့ဝင်တွေ၊ လူမျိုးစု တိုက်ခိုက်ရေးသမားတွေအပြင် ရုရှား စစ်ဖက်အကြံပေးတွေ သေဆုံးခဲ့တယ်လို့ အီရန် သတင်းဌာန တက်စနင်က ဖော်ပြလိုက်ပါတယ်။

အမေရိကန် ညွန့်ပေါင်းအဖွဲ့ရဲ့ တိုက်လေယာဉ်တွေဟာ ယူဖရေးတီးမြစ် အရှေ့ဘက်ကမ်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ဗုံးတွေ အကြီစးအကျယ် ကြဲချခဲ့ပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ အမေရိကန် ညွန့်ပေါင်းအဖွဲ့က ဗုံးကြဲတိုက်ခိုက်ရာ ယူဖရေးတီး အရှေ့ဘက်ကမ်းဒေသမှာ ရုရှားစစ်ဘက်ဆိုင်ရာကလူတွေ မရှိဘူးလို့ ကြေညာခဲ့ဖူးပါတယ်။ ဆီးရီးယား အနောက်ပိုင်းရှိ ဟူမိန်မင် ရုရှား လေတပ်စခန်းကတော့ အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ကြေညာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)