လစ္ဗ်ားအေရွ႕ပိုင္းဗလီတစ္ခုမွာ ဗံုး ၂ လံုးေပါက္ကြဲမႈျဖစ္ပြား ၂ ဦးေသ ၅၅ ဦးဒဏ္ရာရ

0
974

လစ္ဗ်ားႏိုင္ငံ အေရွ႕ပိုင္း ဘင္ဂါဇီၿမိဳ႕ရွိ ဗလီတစ္ခုအတြင္းမွာ  မေန႔ေဖေဖာ္၀ါရီလ ၉ ရက္ေန႔က ဗံုး ၂ လံုးေပါက္ကြဲမႈ ျဖစ္ပြားခဲ့လုိ႔ ေသဆံုးသူ ၂ ဦးရွိခဲ့ၿပီး ၅၅ ဦးထိခိုက္ဒဏ္ရာရရွိသြားခဲ့ပါတယ္။

မာဂ်ိဳရီေဒသမွာတည္ရွိတဲ့ ေသးငယ္တဲ့ဗလီတစ္ခုအတြင္း ၀တ္ျပဳဆုေတာင္းမႈျပဳလုပ္ေနခ်ိန္ ဗလီရဲ့ တံခါးနားမွာထားတဲ႔ အိတ္က ေပါက္ကြဲခဲ့တာျဖစ္ၿပီး မိုဘုိင္းဖုန္းကုိအသံုးျပဳကာ ထိန္းခ်ဳပ္ ရီမုဒ္နဲ႕ ေဖာက္ခြဲခဲ့တာျဖစ္တယ္လုိ႔ စစ္တပ္ကထုတ္ျပန္ပါတယ္။


ဘင္ဂါဇီ ၿမိဳ႕မွာ လစ္ဗ်ားရဲ့ ဒုတိယအၾကီးဆံုးၿမိဳ႕ျဖစ္ၿပီး ျပီးခဲ့တဲ့ ၂ ပတ္ကလည္း ဗလီတစ္ခုမွာ အခုလုိ ဗံုး ၂ လံုးေပါက္ကြဲမႈေၾကာင့္ လူ ၃၅ ဦးေသဆံုးခဲ့ပါေသးတယ္။

ဘင္ဂါဇီၿမိဳ႕ကို လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္က ထိန္းခ်ဳပ္ထားတာျဖစ္ၿပီး  သူတို႔ဟာ အစၥလာမ္မစ္ အၾကမ္းဖက္သမားေတြနဲ႔ တိုက္ခုိက္ေနရတာပဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

လစ်ဗျားအရှေ့ပိုင်းဗလီတစ်ခုမှာ ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွား ၂ ဦးသေ ၅၅ ဦးဒဏ်ရာရ

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘင်ဂါဇီမြို့ရှိ ဗလီတစ်ခုအတွင်းမှာ မနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့က ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

မာဂျိုရီဒေသမှာတည်ရှိတဲ့ သေးငယ်တဲ့ဗလီတစ်ခုအတွင်း ဝတ်ပြုဆုတောင်းမှုပြုလုပ်နေချိန် ဗလီရဲ့ တံခါးနားမှာထားတဲ့ အိတ်က ပေါက်ကွဲခဲ့တာဖြစ်ပြီး မိုဘိုင်းဖုန်းကိုအသုံးပြုကာ ထိန်းချုပ် ရီမုဒ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်ပါတယ်။

ဘင်ဂါဇီ မြို့မှာ လစ်ဗျားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပတ်ကလည်း ဗလီတစ်ခုမှာ အခုလို ဗုံး ၂ လုံးပေါက်ကွဲမှုကြောင့် လူ ၃၅ ဦးသေဆုံးခဲ့ပါသေးတယ်။

ဘင်ဂါဇီမြို့ကို လစ်ဗျားအမျိုးသားတပ်မတော်က ထိန်းချုပ်ထားတာဖြစ်ပြီး သူတို့ဟာ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေနဲ့ တိုက်ခိုက်နေရတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)