လစာနည္းတယ္လို႔ ေဝဖန္တဲ့ ႐ုရွားေက်ာင္းဆရာ အလုပ္ထုတ္ခံရ

0
376

႐ုရွားႏိုင္ငံေတာင္ပိုင္း၊ ေရာ့စ္စေတာ့ဗ္စကာအီယာရွိ တာဂန္ေရာ့ဂ္ၿမိဳ႕က တာဂန္ေရာ့ဂ္စကီ သတၱဳေဗဒ နည္းပညာေက်ာင္းက ေက်ာင္းဆရာ ဗစ္တာ မာကာရင္ကိုဟာ လုပ္ခလစာ နည္းတယ္လို႔ ေဝဖန္တဲ့အတြက္ အလုပ္ကေန အထုတ္ခံလိုက္ရပါတယ္။

ေဒသတြင္းမွာ ဆရာေတြရဲ႕ လစာဟာ နည္းတယ္လို႔ ဆႏၵေဖာ္ထုတ္တဲ့စာကို တျခားဆရာေတြနဲ႔ အတူ လက္မွတ္ေရးထိုးၿပီး ပို႔ခဲ့ဖူးတဲ့ မာကာရင္ကိုဟာ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ အလုပ္ထုတ္ခံရတာ ျဖစ္ပါတယ္။ ေပးပို႔လိုက္တဲ့စာဟာ ဖက္ဒရယ္ေအဂ်င္စီကေနတဆင့္ ဝန္ႀကီးခ်ဳပ္ ဒီမီထရီ မက္ဒဗီေဒ့ဗ္ဆီ ေရာက္သြားခဲ့ပါတယ္။

႐ုရွား ဖက္ဒေရးရွင္းရဲ႕ စံျပဆရာ၊ အေကာင္းဆံုး ပညာေရးလုပ္သားဆုေတြ ရရွိခဲ့ဖူးတဲ့ မာရာရင္ကိုဟာ အေယာင္ေဆာင္ၿပီး မေလ်ာ္မကန္ျပဳမႈတယ္ဆိုၿပီး အလုပ္ထုတ္ခံရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လစာနည်းတယ်လို့ ဝေဖန်တဲ့ ရုရှားကျောင်းဆရာ အလုပ်ထုတ်ခံရ

ရုရှားနိုင်ငံတောင်ပိုင်း၊ ရော့စ်စတော့ဗ်စကာအီယာရှိ တာဂန်ရော့ဂ်မြို့က တာဂန်ရော့ဂ်စကီ သတ္တုဗေဒ နည်းပညာကျောင်းက ကျောင်းဆရာ ဗစ်တာ မာကာရင်ကိုဟာ လုပ်ခလစာ နည်းတယ်လို့ ဝေဖန်တဲ့အတွက် အလုပ်ကနေ အထုတ်ခံလိုက်ရပါတယ်။

ဒေသတွင်းမှာ ဆရာတွေရဲ့ လစာဟာ နည်းတယ်လို့ ဆန္ဒဖော်ထုတ်တဲ့စာကို တခြားဆရာတွေနဲ့ အတူ လက်မှတ်ရေးထိုးပြီး ပို့ခဲ့ဖူးတဲ့ မာကာရင်ကိုဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အလုပ်ထုတ်ခံရတာ ဖြစ်ပါတယ်။ ပေးပို့လိုက်တဲ့စာဟာ ဖက်ဒရယ်အေဂျင်စီကနေတဆင့် ဝန်ကြီးချုပ် ဒီမီထရီ မက်ဒဗီဒေ့ဗ်ဆီ ရောက်သွားခဲ့ပါတယ်။

ရုရှား ဖက်ဒရေးရှင်းရဲ့ စံပြဆရာ၊ အကောင်းဆုံး ပညာရေးလုပ်သားဆုတွေ ရရှိခဲ့ဖူးတဲ့ မာရာရင်ကိုဟာ အယောင်ဆောင်ပြီး မလျော်မကန်ပြုမှုတယ်ဆိုပြီး အလုပ်ထုတ်ခံရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)