
0
974





>>>>>>>>>>>>>>>>>>>>>>>>>>>>

New York Fashion Week နဲ့ တစ်နေ့တည်းကျင်းပခဲ့တဲ့ Pet Fashion Show

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ ရက်နေ့က New York Pet Fashion Show နှစ်ပတ်လည်အခမ်းအနားကိုပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာ လှပစွာဝတ်စား ဆင်ယင်ပေး ထားတဲ့ ခွေးလေးတွေ ရှိုးလျှောက်တာကိုမြင်တွေကြရမှာပါ။

ခွေးလေးတွေရဲ့ ပိုင်ရှင်ဖြစ်သူတွေဟာ သူတို့ခွေးလေးတွေကိုကိုင်ဆောင်ကာ အလှပြရှိုး လျှောက်ခဲ့ကြ တာဖြစ်ပြီး အဲ့ဒီအထဲမှာ ထူးထူးခြားခြားအနေနဲ့ ကြက်တစ်ကောင်ကိုလည်း မြင်တွေ့ကြရမှာပါ။

ဒီပွဲဟာ ၁၅ ကြိမ်မြောက် Pet Fashion Show ပွဲဖြစ်ပြီး နိုင်ငံအတွင်းမှာ ကယ်ဆယ်စောင့်ရှောက် ထား ခဲ့တဲ့ စွန့်ပစ်တိရစ္ဆာန်လေးတွေအတွက်ပြုလုပ်ပေးတဲ့ အကြီးမားဆုံး ရှိုးပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ဒီရှိုးပွဲဟယာ New York Fashion Week နဲ့ တစ်နေ့တည်းကျင်းပခဲ့တဲ့ပွဲလည်းဖြစ်ပြီး သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို ကောင်းဘွိုင်ပုံစံ၊ Southern bellesပုံစံစတဲ့ ပုံစံမျိုးစုံကိုဝတ် ဆင်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)