
0
974




>>>>>>>>>>>>>>>>>>>>>>>>>

အိမ်တွင်းအကြမ်းဖက်တယ်လို့ စွပ်စွဲခံရတဲ့ အိမ်ဖြူတော် မိန့်ခွန်းရေးပေးသူ နုတ်ထွက်

အိမ်တွင်း အကြမ်းဖက်တွေ ရှိတယ်လို့ စွပ်စွဲခံရတဲ့အတွက် အိမ်ဖြူတော်မှာ မိန့်ခွန်းတွေ ရေးသားပေးနေသူ ဒေးဗစ် ဆိုရင်ဆင်ဟာ မနေ့က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ နုတ်ထွက်သွားပါတယ်။

ဆိုရင်ဆင် မတိုင်ခင် အိမ်ဖြူတော် ဝန်ထမ်းရေးရာ အတွင်းရေးမှူး ရော့ဘ် ပေါ်တာလည်း သူ့ဇနီးဟောင်း နှစ်ဦးကို အိမ်တွက်းအကြမ်းဖက်မှု လုပ်ဆောင်တယ်လို့ စွပ်စွဲခံရဖူးပြီး ပေါ်တာကတော့ ငြင်းဆိုခဲ့ပါတယ်။

ဆိုရင်ဆင်ရဲ့ ဇနီးဟောင်း ဂျက်ဆီကာ ကော်ဘက်က မိန့်ခွန်းရေးသားပေးသူ ဆိုရင်ဆင်ရဲ့ နောက်ကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ပြုမှုခဲ့ပုံတွေကို FBI ကို သတင်းပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)