ေတာင္ဆူဒန္ ဗိုလ္ခ်ဳပ္ေဟာင္းပိုင္ ဇိမ္ခံအိမ္ကို ၾသစေၾတးလ်ရဲ သိမ္းယူဖို႔ လုပ္ေဆာင္

0
954

ေဟာလိဝုဒ္ မင္းသားႀကီး ေဂ်ာ့ဂ်္ ကလူနီရဲ႕ သတင္းေပးခ်က္အရ ေတာင္ဆူဒန္ ဗိုလ္ခ်ဳပ္ေဟာင္းတစ္ဦး ပိုင္ဆိုင္တဲ့ ၾသစေၾတးလ်ႏိုင္ငံရွိ ေဒၚလာ ၁ ဒသမ ၅ သန္းတန္ ဇိမ္ခံအိမ္ကို ၾသစေၾတးလ် ရဲေတြက သိမ္းယူဖို႔ ျပင္ဆင္ေနပါတယ္။

ဗိုလ္ခ်ဳပ္ ဂ်ိမ္းစ္ ဟို႔သ္ မိုင္ ဂူအက္ဟာ ေတာင္ဆူဒန္ ျပည္သူ႔လြတ္ေျမာက္ေရး တပ္မွာ စစ္ဦးစီးခ်ဳပ္အျဖစ္ ၂၀၀၉ ေမလကေန ၂၀၁၄ ဧၿပီအထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ စစ္ပြဲဒဏ္ခံ ေတာင္ဆူဒန္ႏိုင္ငံရဲ႕ ေငြေတြကို ခိုးယူတယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္သူ ေဂ်ာ့ဂ်္ ကလူနီ တည္ေထာင္ထားတဲ့ ‘သည္ ဆန္ထ႐ိုင္း’ ေခၚ စံုစမ္းေရးအဖြဲ႔က စြပ္စြဲခဲ့ပါတယ္။

အခု ၾသစေၾတးလ် ရဲေတြဟာ မဲလ္ဘုန္းၿမိဳ႕၊ နာေရဝါရင္မွာ ရွိတဲ့ ေတာင္ဆူဒန္ ဗိုလ္ခ်ဳပ္ေဟာင္းပိုင္ ဇိမ္ခံအိမ္ကို သိမ္းယူဖို႔ လုပ္ထံုးလုပ္နည္းအရ ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ဆူဒန် ဗိုလ်ချုပ်ဟောင်းပိုင် ဇိမ်ခံအိမ်ကို သြစတြေးလျရဲ သိမ်းယူဖို့ လုပ်ဆောင်

ဟောလိဝုဒ် မင်းသားကြီး ဂျော့ဂျ် ကလူနီရဲ့ သတင်းပေးချက်အရ တောင်ဆူဒန် ဗိုလ်ချုပ်ဟောင်းတစ်ဦး ပိုင်ဆိုင်တဲ့ သြစတြေးလျနိုင်ငံရှိ ဒေါ်လာ ၁ ဒသမ ၅ သန်းတန် ဇိမ်ခံအိမ်ကို သြစတြေးလျ ရဲတွေက သိမ်းယူဖို့ ပြင်ဆင်နေပါတယ်။

ဗိုလ်ချုပ် ဂျိမ်းစ် ဟို့သ် မိုင် ဂူအက်ဟာ တောင်ဆူဒန် ပြည်သူ့လွတ်မြောက်ရေး တပ်မှာ စစ်ဦးစီးချုပ်အဖြစ် ၂၀ဝ၉ မေလကနေ ၂၀၁၄ ဧပြီအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စစ်ပွဲဒဏ်ခံ တောင်ဆူဒန်နိုင်ငံရဲ့ ငွေတွေကို ခိုးယူတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်သူ ဂျော့ဂျ် ကလူနီ တည်ထောင်ထားတဲ့ ‘သည် ဆန်ထရိုင်း’ ခေါ် စုံစမ်းရေးအဖွဲ့က စွပ်စွဲခဲ့ပါတယ်။

အခု သြစတြေးလျ ရဲတွေဟာ မဲလ်ဘုန်းမြို့၊ နာရေဝါရင်မှာ ရှိတဲ့ တောင်ဆူဒန် ဗိုလ်ချုပ်ဟောင်းပိုင် ဇိမ်ခံအိမ်ကို သိမ်းယူဖို့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)