ဆီးရီးယားမွာ ရက္ ၃၀ အပစ္ရပ္ေရး ေတာင္းဆိုဖို႔ ကုလ စဥ္းစားေန

0
1096

ကူညီေထာက္ပံ့မႈေတြ ေပးပို႔ေရးနဲ႔ က်န္းမာေရး မေကာင္းသူ၊ ဒဏ္ရာရသူေတြကို ကယ္ထုတ္ဖို႔ ဆီးရီးယားမွာ ရက္ ၃၀ အပစ္ရပ္ေရး ေတာင္းဆိုဖို႔ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီက စဥ္းစားေနပါတယ္။

ဆြီဒင္နဲ႔ ကူဝိတ္တို႔က အဲဒီလို ေတာင္းဆိုေရး မူၾကမ္းကို မေန႔က ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွာ လံုၿခံဳေရးေကာင္စီကို တင္သြင္းတာ ျဖစ္ပါတယ္။ အဖြဲ႔ဝင္ႏိုင္ငံ ၁၅ ႏိုင္ငံအနက္ ၉ ႏိုင္ငံက မဲေပးၿပီး ႐ုရွား၊ တ႐ုတ္၊ အေမရိကန္၊ ၿဗိတိန္နဲ႔ ျပင္သစ္က မဲမေပးပါဘူး။

ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ ဗက္စ္ဆီလီ ေနဘင္ဇီယာက ဒါဟာ မျဖစ္ႏိုင္ဘူး၊ ဆီးရီးယားမွာ စစ္ကို အသံုးသတ္ၿပီး အပစ္ရပ္ခ်င္ေပမယ့္ အၾကမ္းဖက္သမားေတြ သေဘာတူတိုက္နာလိမ့္မယ္ မထင္ဘူးလို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားမှာ ရက် ၃၀ အပစ်ရပ်ရေး တောင်းဆိုဖို့ ကုလ စဉ်းစားနေ

ကူညီထောက်ပံ့မှုတွေ ပေးပို့ရေးနဲ့ ကျန်းမာရေး မကောင်းသူ၊ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ဆီးရီးယားမှာ ရက် ၃၀ အပစ်ရပ်ရေး တောင်းဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စဉ်းစားနေပါတယ်။

ဆွီဒင်နဲ့ ကူဝိတ်တို့က အဲဒီလို တောင်းဆိုရေး မူကြမ်းကို မနေ့က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လုံခြုံရေးကောင်စီကို တင်သွင်းတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၉ နိုင်ငံက မဲပေးပြီး ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်က မဲမပေးပါဘူး။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်စ်ဆီလီ နေဘင်ဇီယာက ဒါဟာ မဖြစ်နိုင်ဘူး၊ ဆီးရီးယားမှာ စစ်ကို အသုံးသတ်ပြီး အပစ်ရပ်ချင်ပေမယ့် အကြမ်းဖက်သမားတွေ သဘောတူတိုက်နာလိမ့်မယ် မထင်ဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)