
0
1132




>>>>>>>>>>>>>>>>>>>>>>>>

ကင်ဂျုံအန်ရဲ့ညီမနဲ့ တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံ

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျွန်၊ မြောက်ကိုရီးယား ဟန်ပြ နိုင်ငံခေါင်းဆောင် ကင်ယွန်နမ်တို့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်ခံတွေ့ဆုံခဲ့ပြီး ဒါဟာ သမိုင်းဝင် တွေ့ဆုံမှု ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတက နေ့လည်စာနဲ့ ဧည့်ခံပါတယ်။ ကင်ယိုဂျွန်က အိမ်ပြာတော်၊ အစည်းဝေးခန်းကို ဝင်လာစဉ် လက်ထဲမှာ အပြာရောင် ဖိုင်တစ်ခု ကိုင်ဆောင်လာပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ သူ့အစ်ကို ကင်ဂျုံဆန်က ပါးလိုက်တဲ့ စာကို ယူဆောင်လာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ပြုံချမ်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တက်ရောက်ဖို့ ကင်ယိုဂျွန်တို့ ရောက်ရှိနေတာ ဖြစ်ပြီး လတ်တလောမှာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ လျော့ကျနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)