အီဖယ်မျှော်စင်မှာ ရှစ်ပေအမြင့်ရှိတဲ့ ဗုံးဒဏ်ခံ ဖန်တံတိုင်းကြီး တစ်ခု တည်ဆောက် သွားမယ်

0
284

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ အီဖယ်မျှော်စင်မှာ အကြမ်းဖက်သမားတွေရဲ့ရန်က ကာကွယ်ဖို့ ရှစ်ပေအမြင့်ရှိတဲ့ ဗုံးဒဏ်ခံ ဖန်တံတိုင်းကြီးတစ်ခုကို ယူရိုသန်း၂၀ အကုန်အကျခံပြီး တည်ဆောက်သွားမှာဖြစ်တယ်လို့ ပဲရစ်မြို့တော်ဝန်ရုံးက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

နှစ်စဉ် ပြည်တွင်း ပြည်ပ ခရီးသွား ၇ သန်းဝန်းကျင် လာရောက်လည်ပတ်နေတဲ့ အီဖယ်မျှော်စင်မှာ၂၀၁၆ ခုနှစ်ကတည်းက သံဆူးကြိုးအကာအရံတွေ ရှိပြီးသားဖြစ်ပါတယ်။ ပဲရစ်မြို့မှာ ၂၀၁၅ ခုနှစ်အတွင်း အစ္စလာမ်မစ်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီး အကြမ်းဖက်သမားတွေရဲ့ ခြိမ်းချောက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် ဒီဖန်တံတိုင်းကြီးကို ဆောက်လုပ်ဖို့ ဖြစ်လာခဲ့တာပါ။

အီဖယ်မျှော်စင်ကို ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၃၀၀ မီတာအမြင့်ရှိတဲ့ ဒီမျှော်စင်ဟာ အဲဒီခေတ်အခါက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ တစ်ခုဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)