နယူးဇီလန်နိုင်ငံမှာ ဝေလငါးတွေ အစုလိုက် အပြုံလိုက် သောင်တင်မှု ဖြစ်ပွား

0
288

နယူးဇီလန်နိုင်ငံက Golden Bale လို့ခေါ်တဲ့ ပင်လယ်အော်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဝေလငါးတွေ အစုလိုက် အပြုံလိုက် သောင်တင်နေခဲ့တာကြောင့် ကယ်ဆယ်ရေးတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အရေးတကြီး ကယ်ဆယ်ခဲ့ရပါတယ်။

အဲဒီ သောင်တင်မှုကြောင့် ဝေလငါးပေါင်း အကောင်ရေ ၅၀ ကျော်ကို ပင်လယ်ထဲ ပြန်ပို့ ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဒေသခံ မီဒီယာတွေက ဆိုပါတယ်။ သောင်တင်နေတဲ့ ဝေလငါးတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်က စတင်ပြီး သောင်တင်နေခဲ့ပေမယ့် ညအမှောင်ချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင် ဝေလငါးတွေရဲ့ လှုပ်ရှားမှုကြောင့် ကယ်ဆယ်ရေးသမားတွေ ထိခိုက်ဒဏ်ရာ ရရှိနိုင်တဲ့အတွက် မနက်အချိန် ရောက်မှ ကယ်ဆယ်ရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးသမား တစ်ဦးက ဆိုပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ တောင်ဘက်ကျွန်းမှာတည်ရှိတဲ့ အဲဒီပင်လယ်အော်မှာ ဝေလငါး တွေ မကြာခဏ သောင်တင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ အဲဒီပင်လယ်အော်ရဲ့ ရေတိမ်အနေအထားဟာ ဝေလငါးတွေအနေနဲ့ ရေနက်ပိုင်းကို ပြန်လည်ကူးခတ်သွားဖို့ အခက်အခဲရှိနေတယ်လို့ Jonah Watch လို့ခေါ်တဲ့ ရေနေ သတ္တ၀ါထိန်းသိမ်းစောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)