တောင်အာဖရိကနိုင်ငံ လွှတ်တော်ထဲမှာ သမ္မတမိန့်ခွန်း ပြောနေစဉ် ရန်ပွဲဖြစ်ပွား

0
334

တောင်အာဖရိကနိုင်ငံရဲ့ သမ္မတဖြစ်သူ ဂျက်ကော့ဇူးမားဟာ ဖေဖော်ဝါရီလ (၉)ရက်နေ့က လွှတ်တော်တွင်း မိန်ခွန်းပြောကြားချိန်မှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

လက်ဝဲစွန်းအမတ်တွေရဲ့ အနှောင့်အယှက် ပေးမှူကြောင့် သမ္မတ ဇူးမား မိန့်ခွန်းပြောကြားနေစဉ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ အနီရောင်ဝတ် ဆင်ထားတဲ့ စီးပွားရေးလွတ်လပ်ခွင့်အတိုက်ခံပါတီ (EFF) က ကိုယ်စားလှယ်လောင်းတွေရဲ့ ဝေဖန်မှုနဲ့ မေးမြန်းမှုတွေကို တစ်နာရီကျော်ကြာ ဖြေဆိုပြီးတဲ့ နောက်မှာ လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတိ ပေးတားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း (EFF) ပါတီရဲ့ အနှောင့်အယှက်ပေးမှု ပိုမိုဆိုးဝါးလာတဲ့အတွက် လွှတ်တော်တွင်းကနေ ဆွဲထုတ်သွားဖို့ လုံခြုံရေးတွေကို စေခိုင်းခဲ့ရာမှာ (EFF) ပါတီဝင်တွေနဲ့ လုံခြုံရေးတွေ ကြား ရန်ပွဲတွေဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)