ေခ်ခ်င္းညွာ လူ႔အခြင့္အေရး လႈပ္ရွားသူကို မူးယစ္ေဆး လက္ဝယ္ေတြ႔မႈနဲ႔ ဖမ္း

0
313

 

ေခ်ခ်င္းညွာမွာ အသက္ ၆၀ အရြယ္ လူ႔အခြင့္အေရး လႈပ္ရွားသူအား ေထာင္ ၁၀ ႏွစ္ ခ်ႏိုင္တဲ့ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ ဖမ္းဆီးလိုက္တာကို ေဝဖန္မႈေတြ ထြက္ေပၚေနပါတယ္။

အိုယက္ဘ္ တီတီယက္ဗ္ ဟာ လူ႔အခြင့္အေရး အစီရင္ခံစာကို ေရးသားခဲ့လို႔ အစိုးရက လက္စားေခ်တာ ျဖစ္တယ္လို႔ ေဝဖန္သူေတြက ေျပာပါတယ္။ ႐ုရွားႏိုင္ငံ ေတာင္ပိုင္းမွာ ရွိတဲ့ မင္မိုရီယယ္ လူ႔အခြင့္အေရး ဌာနရဲ႕ ဒါ႐ိုက္တာ ျဖစ္သူ တီတီယက္ဗ္ကို သူ႔ကားထဲမွာ ေဆးေျခာက္ ၆ ေအာင္စ ေတြ႔တယ္ဆိုၿပီး မေန႔က ဇန္နဝါရီ ၉ ရက္ေန႔မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေခ်ခ်င္းညာမွာ ကရင္မလင္က ခန္႔ထားတဲ့ ေခါင္းေဆာင္ ရမ္ဇန္ ကာဒီေရာ့ဗ္ကို ေဝဖန္မႈေတြ ပါးစပ္ပိတ္သြားေအာင္ အခုလို ဖမ္းဆီးတာ ျဖစ္တယ္လို႔ ႐ုရွားလူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ေခ်ခ်င္းညွာေဒသမွာ ႏွိပ္စက္ညွဥ္းပမ္းမႈေတြ၊ လူေတြ ႐ုတ္တရက္ ေပ်ာက္ဆံုးသြားမႈေတြနဲ႔ သတ္ျဖတ္မႈေတြမွာ  ကာဒီေရာ့ဗ္ လက္ခ်က္ျဖစ္တယ္လို႔ စြပ္စြဲမႈေတြ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချေချင်းညှာ လူ့အခွင့်အရေး လှုပ်ရှားသူကို မူးယစ်ဆေး လက်ဝယ်တွေ့မှုနဲ့ ဖမ်း

ချေချင်းညှာမှာ အသက် ၆၀ အရွယ် လူ့အခွင့်အရေး လှုပ်ရှားသူအား ထောင် ၁၀ နှစ် ချနိုင်တဲ့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးလိုက်တာကို ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

အိုယက်ဘ် တီတီယက်ဗ် ဟာ လူ့အခွင့်အရေး အစီရင်ခံစာကို ရေးသားခဲ့လို့ အစိုးရက လက်စားချေတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ရုရှားနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ မင်မိုရီယယ် လူ့အခွင့်အရေး ဌာနရဲ့ ဒါရိုက်တာ ဖြစ်သူ တီတီယက်ဗ်ကို သူ့ကားထဲမှာ ဆေးခြောက် ၆ အောင်စ တွေ့တယ်ဆိုပြီး မနေ့က ဇန်နဝါရီ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ချေချင်းညာမှာ ကရင်မလင်က ခန့်ထားတဲ့ ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်ကို ဝေဖန်မှုတွေ ပါးစပ်ပိတ်သွားအောင် အခုလို ဖမ်းဆီးတာ ဖြစ်တယ်လို့ ရုရှားလူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ချေချင်းညှာဒေသမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ လူတွေ ရုတ်တရက် ပျောက်ဆုံးသွားမှုတွေနဲ့ သတ်ဖြတ်မှုတွေမှာ ကာဒီရော့ဗ် လက်ချက်ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)