ပါကစၥတန္မွာ အေသခံဗံုးေဖာက္ခြဲ၊ ရဲနဲ႔ အရပ္သား ၇ ဦး ေသဆံုး

0
292

ပါကစၥတန္ႏိုင္ငံ၊ ကူအက္တာၿမိဳ႕ မေန႔ ဇန္န၀ါရီလ ၉ ရက္ေန႔က အေသခံ ဗံုးေဖာက္ခြဲမႈ ျဖစ္ပြားခဲ့လုိ႔ လူ ၇ ဦး ေသဆံုးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ အနည္းဆံုး ၂၃ ဦး ရွိခဲ့ပါတယ္။

ဗံုးေဖာက္ခြဲမႈဟာ သံ႐ံုးနဲ႔ အစိုးရ႐ံုးေတြ တည္ရွိရာ လံုၿခံဳေရး တိုးျမွင့္ထားတဲ့ ေနရာကို အဓိပစ္မွတ္ထားခဲ့တာ ျဖစ္ၿပီး ရဲတပ္ဖြဲ႔ဝင္ေတြ အနီးရွိ ထရပ္ကားနားကုိ လမ္းေလွ်ာက္လာၿပီး  ေဖာက္ခြဲခဲ့တာ ျဖစ္ပါတယ္။ ဗံုးခြဲမႈေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ ၅ ဦးနဲ႔ အရပ္သား ၂ ဦးေသဆံုးခဲ့ပါတယ္။ အေသခံဗံုးခြဲမႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ IS အၾကမ္းဖက္က ေၾကညာပါတယ္။

ၿပီးခဲ့တဲ့ လကလည္း ပါကစၥတန္ အေနာက္ေတာင္ပုိင္းရွိ ခရစ္ယာန္ဘုရားေက်ာင္းမွာ အေသခံဗံုးခြဲ တိုက္ခုိက္သူ ၂ ဦးေၾကာင့္ ေသဆုံးသူ ၉ ဦးရွိခဲ့ၿပီး ၅၆ ဦး ထိခုိက္ဒဏ္ရာရရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန်မှာ အသေခံဗုံးဖောက်ခွဲ၊ ရဲနဲ့ အရပ်သား ၇ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ကူအက်တာမြို့ မနေ့ ဇန်နဝါရီလ ၉ ရက်နေ့က အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့လို့ လူ ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၃ ဦး ရှိခဲ့ပါတယ်။

ဗုံးဖောက်ခွဲမှုဟာ သံရုံးနဲ့ အစိုးရရုံးတွေ တည်ရှိရာ လုံခြုံရေး တိုးမြှင့်ထားတဲ့ နေရာကို အဓိပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ အနီးရှိ ထရပ်ကားနားကို လမ်းလျှောက်လာပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ ဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အရပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။ အသေခံဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်က ကြေညာပါတယ်။

ပြီးခဲ့တဲ့ လကလည်း ပါကစ္စတန် အနောက်တောင်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းမှာ အသေခံဗုံးခွဲ တိုက်ခိုက်သူ ၂ ဦးကြောင့် သေဆုံးသူ ၉ ဦးရှိခဲ့ပြီး ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)