တ႐ုတ္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦး အဂတိလိုက္စားမႈ စံုစမ္းစစ္ေဆးခံေနရ

0
372

သမၼတ ရွီက်င့္ဖ်င္ရဲ႕ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို ေထာက္ခံတယ္လို႔ ေျပာဖူးတဲ့ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦး လက္ေဆာင္ပဏၰာ ယူမႈနဲ႔ စံုစမ္းစစ္ေဆးခံေနရၿပီး ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ထဲက အဂတိလိုက္စားမႈနဲ႔ စံုစမ္းစစ္ေဆးခံရတဲ့ ေနာက္ဆံုး ဗိုလ္ခ်ဳပ္ႀကီး ျဖစ္လာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ဖန္ ဖင္ဂူအီဟာ လူ႔ျမင္ကြင္းက ကြယ္ေပ်ာက္ေနတာ ငါးလခန္႔ ရွိၿပီး ရာထူးကေန တိတ္တဆိတ္ အနားယူသြားပါတယ္။ သူဟာ လာဘ္စားမႈနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးခံေနရတာ ျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ဖင္ဂူအီ လာဘ္စားမႈနဲ႔ စံုစမ္းခံေနရတာ မွန္ကန္တယ္လို႔ ဆင္ဟြာ သတင္းဌာနက အတည္ျပဳပါတယ္။ လာဘ္စားမႈ ပမာဏကိုေတာ့ ေဖာ္ျပျခင္း မရွိပါဘူး။ တပ္တြင္းရာထူးတို႔ဖို႔ ေငြယူခဲ့တာ ျဖစ္ႏိုင္တယ္လို႔ တ႐ုတ္မီဒီယာတခ်ိဳ႕က သံုးသပ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ဗိုလ်ချုပ်ကြီးတစ်ဦး အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခံနေရ

သမ္မတ ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထောက်ခံတယ်လို့ ပြောဖူးတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦး လက်ဆောင်ပဏ္ဏာ ယူမှုနဲ့ စုံစမ်းစစ်ဆေးခံနေရပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထဲက အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးခံရတဲ့ နောက်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်လာပါတယ်။

ဗိုလ်ချုပ်ကြီး ဖန် ဖင်ဂူအီဟာ လူ့မြင်ကွင်းက ကွယ်ပျောက်နေတာ ငါးလခန့် ရှိပြီး ရာထူးကနေ တိတ်တဆိတ် အနားယူသွားပါတယ်။ သူဟာ လာဘ်စားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်ကြီး ဖင်ဂူအီ လာဘ်စားမှုနဲ့ စုံစမ်းခံနေရတာ မှန်ကန်တယ်လို့ ဆင်ဟွာ သတင်းဌာနက အတည်ပြုပါတယ်။ လာဘ်စားမှု ပမာဏကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ တပ်တွင်းရာထူးတို့ဖို့ ငွေယူခဲ့တာ ဖြစ်နိုင်တယ်လို့ တရုတ်မီဒီယာတချို့က သုံးသပ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)