လူကုန္ကူးတယ္လုိ႔ သံသယရွိသူ ၉ ဦးကုိ ၿဗိတိန္ရဲေတြ ဖမ္းဆီး

0
279

ၿဗိတိန္ႏိုင္ငံ၊ အဂၤလန္ေျမာက္ပိုင္းမွာ မူးယစ္ေဆးဝါးမႈ၊ အမ်ိဳးသမီးငယ္ေတြကို လိင္ပိုင္းဆုိင္ရာ က်ဳးလြန္းထားမႈ၊ လူကုန္ကူးမႈေတြနဲ႔ ပတ္တယ္လုိ႔ သံသယရွိသူ ၉ ဦးကို ရဲတပ္ဖြဲ႔က ဖမ္းဆီးလုိက္ပါတယ္။

သူတုိ႔ကို ရဲအရာရွိ ၁၅၀ ေက်ာ္က စစ္ဆင္ေရးလုပ္တဲ့ ၇ လ အတြင္း မစ္ဒယ္ဘေရာ့ဂ်္၊ စေတာ့ခ္တန္နဲ႔ ရွက္ဖီးလ္တို႔မွာ လူကုန္ကူးမႈ တိုက္ဖ်က္ေရး စစ္ဆင္ေရးအတြင္း ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြဟာ လူမ်ားစြာရဲ႕ အဓမၼ က်င့္မႈကို ခံရၿပီး တစ္ခါတရံမွာ တစ္ေနရာကေန တစ္ေနရာကို ပို႔ေဆာင္ခံရၿပီး လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခံရတယ္လို႔ ရဲေတြက ယူဆပါတယ္။ လူကုန္ကူးခံရတဲ့ အမ်ိဳးသမီး ၁၀ ဦး ကိုလည္း ရဲတပ္ဖြဲ႔ေတြ ကယ္တင္ႏိုင္ခဲ့ပါတယ္။

ၿဗိတိန္ႏိုင္ငံတစ္လြားမွာ လူကုန္ကူးမႈေတြနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနတဲ့ ရဲတပ္ဖြဲ႔၀င္ ၅၀၀ ေက်ာ္ရွိတယ္လုိ႔  အမ်ိဳးသား ရာဇဝတ္မႈ ႏွိမ္နင္းေရး ေအဂ်င္စီ (NCA) က ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ လူကုန္ကူးခံရသူ ၁၃၀၀၀ နီးပါး ရွိတယ္လုိ႔ ၿဗိတိန္အစိုးရက ခန္႔မွန္းေျပာဆိုထားေပမယ့္ အမွန္တကယ္ အေရအတြက္က ၁ သိန္းေလာက္ ရွိေနတယ္လုိ႔ ရဲအရာရွိေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူကုန်ကူးတယ်လို့ သံသယရှိသူ ၉ ဦးကို ဗြိတိန်ရဲတွေ ဖမ်းဆီး

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးမှု၊ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်းထားမှု၊ လူကုန်ကူးမှုတွေနဲ့ ပတ်တယ်လို့ သံသယရှိသူ ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို ရဲအရာရှိ ၁၅၀ ကျော်က စစ်ဆင်ရေးလုပ်တဲ့ ၇ လ အတွင်း မစ်ဒယ်ဘရော့ဂျ်၊ စတော့ခ်တန်နဲ့ ရှက်ဖီးလ်တို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေဟာ လူများစွာရဲ့ အဓမ္မ ကျင့်မှုကို ခံရပြီး တစ်ခါတရံမှာ တစ်နေရာကနေ တစ်နေရာကို ပို့ဆောင်ခံရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတယ်လို့ ရဲတွေက ယူဆပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသမီး ၁၀ ဦး ကိုလည်း ရဲတပ်ဖွဲ့တွေ ကယ်တင်နိုင်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံတစ်လွားမှာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅၀ဝ ကျော်ရှိတယ်လို့ အမျိုးသား ရာဇဝတ်မှု နှိမ်နင်းရေး အေဂျင်စီ (NCA) က ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ လူကုန်ကူးခံရသူ ၁၃၀ဝ၀ နီးပါး ရှိတယ်လို့ ဗြိတိန်အစိုးရက ခန့်မှန်းပြောဆိုထားပေမယ့် အမှန်တကယ် အရေအတွက်က ၁ သိန်းလောက် ရှိနေတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)