ကယ္လီဖုိးနီးယားမွာ ေရႀကီးေျမၿပိဳ ၁၃ ဦးေသ

0
260

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္းမွာ မေန႔ ဇန္န၀ါရီလ ၉ ရက္ေန႔က  အင္အားျပင္း မိုးသက္မုန္တုိင္း တိုက္ခတ္ခဲ့လုိ႔ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြ ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီလို ေရႀကီးမႈေၾကာင့္ ေသဆံုးသူအနည္းဆံုး ၁၃ ဦးရွိခဲ့ၿပီး ေနအိမ္ ေထာင္ေပါင္းမ်ားစြာပါ ေရႀကီးမႈဒဏ္ကို ခံစားခဲ့ၾကရပါတယ္။

အခု ေရႀကီးမႈ ျဖစ္ပြားေနတဲ့ ေနရာဟာ ၿပီးခဲ႔တဲ့လကလည္း ေတာမီးေလာင္က်ြမ္းမႈ ျဖစ္ပြားခဲ့တဲ့ေနရာ ျဖစ္ပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ေျမာက္ပုိင္း ပစိဖိတ္ကမ္း႐ိုးတမ္း တစ္ေလ်ွာက္ရွိ ဆန္တာ ဘာဘရာ ေဒသခံ ေထာင္ေပါင္းမ်ားစြာကိုေတာ့ ေျပာင္းေရႊ႔ဖုိ႔ ညႊန္ၾကားထားပါတယ္။

၂၀၀၅ ခုႏွစ္တုန္းကလည္း ကယ္လီဖိုးနီးယား ေျမၿပိဳမႈေၾကာင့္ ေသဆံုးသူ ၁၀ ဦး ရွိခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်လီဖိုးနီးယားမှာ ရေကြီးမြေပြို ၁၃ ဦးသေ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ မနေ့ ဇန်နဝါရီလ ၉ ရက်နေ့က အင်အားပြင်း မိုးသက်မုန်တိုင်း တိုက်ခတ်ခဲ့လို့ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို ရေကြီးမှုကြောင့် သေဆုံးသူအနည်းဆုံး ၁၃ ဦးရှိခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာပါ ရေကြီးမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။

အခု ရေကြီးမှု ဖြစ်ပွားနေတဲ့ နေရာဟာ ပြီးခဲ့တဲ့လကလည်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့နေရာ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတမ်း တစ်လျှောက်ရှိ ဆန်တာ ဘာဘရာ ဒေသခံ ထောင်ပေါင်းများစွာကိုတော့ ပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။

၂၀ဝ၅ ခုနှစ်တုန်းကလည်း ကယ်လီဖိုးနီးယား မြေပြိုမှုကြောင့် သေဆုံးသူ ၁၀ ဦး ရှိခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)