ဗင္နီဇြဲလား ေဆးဝါးျပတ္လပ္မႈ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မႈကို ျမင့္တက္ေစ

0
269

ဗင္နီဇြဲလားမွာ ေဆးဝါးျပတ္လပ္မႈေတြ ျဖစ္ေနၿပီး အထူးသျဖင့္ ကိုယ္ဝန္တားေဆး ရွားပါးလြန္းမႈေၾကာင့္ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မႈေတြ ျမင့္တက္ေနပါတယ္။

ကုလသမဂၢ လူဦးေရ ရန္ပံုေငြအဖြဲ႔ရဲ႕ စာရင္းဇယားအရ ဗင္နီဇြဲလားမွာ ကေလး ေလးဦးလွ်င္ တစ္ဦးႏႈန္းဟာ ဆယ္ေက်ာ္သက္ မိခင္က ေမြးဖြားတာ ျဖစ္ပါတယ္။ ဗင္နီဇြဲလားဟာ လက္တင္အေမရိကမွာ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ အမ်ားဆံုး ျဖစ္ေနပါတယ္။ တားေဆးဟာ ရွားပါးေနၿပီး ဝယ္မယ္ဆိုရင္လည္း အရင္ကထက္ ေစ်းထက္ ႏွစ္ဆေလာက္ ျမင့္ေနပါတယ္။

အသက္ ၁၃ ႏွစ္၊ ၁၅ ႏွစ္အရြယ္ဟာ ကေလးပဲ ရွိေသးေပမယ့္ ေနာက္ကေလးေတြကို ေမြးထုတ္ေနတယ္၊ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မႈေၾကာင့္ ၈၀ ရာခိုင္ႏႈန္းဟာ ေက်ာင္းထြက္လိုက္ရတယ္လို႔ ကေလးအထူးကုႏွင့္ ကေလးသူငယ္ ေစာင့္ေရွာက္ေရး ဗင္နီဇြဲလား လူမႈေရးအဖြဲ႔ ဥကၠ႒ ေဒါက္တာ ဟူနီယာဒက္စ္ အာဘီနာ ေမဒီနာက ေျပာပါတယ္။

အစိုးရက လိင္ပညာေပးရမယ့္ အစား ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ရင္ ပိုက္ဆံ ေထာက္ပံ့တယ္၊ အိမ္ေပးတယ္၊ အဲဒီေတာ့ ဆယ္ေက်ာ္သက္ မိန္းကေလးက ကိုယ္ဝန္ေဆာင္၊ ကိုယ့္အိမ္နဲ႔ကိုယ္၊ လူႀကီးျဖစ္သြားၿပီ ထင္ေနၾကတယ္လို႔လည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်နီဇွဲလား ဆေးဝါးပြတ်လပ်မှု ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုကို မြင့်တက်စေ

ဗင်နီဇွဲလားမှာ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်နေပြီး အထူးသဖြင့် ကိုယ်ဝန်တားဆေး ရှားပါးလွန်းမှုကြောင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ မြင့်တက်နေပါတယ်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ စာရင်းဇယားအရ ဗင်နီဇွဲလားမှာ ကလေး လေးဦးလျှင် တစ်ဦးနှုန်းဟာ ဆယ်ကျော်သက် မိခင်က မွေးဖွားတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားဟာ လက်တင်အမေရိကမှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် အများဆုံး ဖြစ်နေပါတယ်။ တားဆေးဟာ ရှားပါးနေပြီး ဝယ်မယ်ဆိုရင်လည်း အရင်ကထက် ဈေးထက် နှစ်ဆလောက် မြင့်နေပါတယ်။

အသက် ၁၃ နှစ်၊ ၁၅ နှစ်အရွယ်ဟာ ကလေးပဲ ရှိသေးပေမယ့် နောက်ကလေးတွေကို မွေးထုတ်နေတယ်၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုကြောင့် ၈၀ ရာခိုင်နှုန်းဟာ ကျောင်းထွက်လိုက်ရတယ်လို့ ကလေးအထူးကုနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ဗင်နီဇွဲလား လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဟူနီယာဒက်စ် အာဘီနာ မေဒီနာက ပြောပါတယ်။

အစိုးရက လိင်ပညာပေးရမယ့် အစား ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ရင် ပိုက်ဆံ ထောက်ပံ့တယ်၊ အိမ်ပေးတယ်၊ အဲဒီတော့ ဆယ်ကျော်သက် မိန်းကလေးက ကိုယ်ဝန်ဆောင်၊ ကိုယ့်အိမ်နဲ့ကိုယ်၊ လူကြီးဖြစ်သွားပြီ ထင်နေကြတယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)